Oversea Myanmar Community
Would you like to react to this message? Create an account in a few clicks or log in to continue.

မလေးမေရဲ့ချက်ကြီး

Go down

မလေးမေရဲ့ချက်ကြီး Empty မလေးမေရဲ့ချက်ကြီး

Post  burmanone Thu Mar 12, 2009 9:31 am

ကိုရဲ၇င့်ေ ရ
စကောလားရှစ် လင့်လေးတွေကိုဝင်ကြည့်ဖြစ်တယ်ဗျာ စိတ်ဝင်စားဖို့ကောင်းပါတယ် ဒါ ပေမယ့်တော်တော်များများက အဲဒိရောက်နေ ပြီးသားကျောင်းသားတွေအတွက် ဖြစ်နေ တယ်ဗျ ကျွှန်တော်တို့လို အပြင်ကကြိုးစားနေသူတွေအတွက် သိပ်မတွေ့ရဘူးနော် .....
ပြောရရင် ကျွှန်တော့်မှာက ကျောင်းစရိတ် တော့တတ်နိုင်ပါတယ် ဒါ ပေမယ့် ဗီဇာ စည်းကမ်းတွေအရ ဒိပိုက်ဆံဘယ်က ရ လဲတို့ ကျောင်းတက်နေစဉ် ထောက်ပံ့နိုင်မယ့် ၀င်ငွေ ရှိုလုပ်ငန်းတို့ အဲဒိ ကနေ ဒါ မှာ ရှိနေစဥိ အစ စ တာဝန်ယူနိုင်မယ့်  လူ (စ့ပွန်ဆာ ဆိုတဲ့ဟာတို့  ) မ၇ှိတော့ ဂွ ကျနေ တာဗျ ..အိမ်မှာ က မိဘတွေ က ပင်စင်စားတွေ လေ ....၀င်ငွေ ဆိုလို့ ကျွှန်တော့်ဒိမှာ လုပ်လို့၇တာဘဲ၇ှိတယ် လေ ..ကျောင်းစ၇ိတ်ကတော့ ချေူးမယ့်သူရှိလို့ပါ ......ဘဏ် စတိတ်မန့်ဆိုတာလည်း ရနိင်ပါတယ် ...ဂွကျနေတာက အဲဒိဘက်က စပွန်ဆာ ဘဲ လိုနေတာ ဗျ ....
ရှိသေးရင် နဲနဲ ပေးပါ .....ဗျိုူ့

ယူအေအီး က ချက်ကြီး
ရှင်းပါဦး။ပို့စ်လေးနဲ့ပေါ့၊

ယူအေအီးက ကိုချက်ကြီးရှင့် ...........
စကောလားရှစ် ပရိုဂရမ်ကိုတော့ ဖြင့် မလိုက်စားမိသေးပါ..
ဒါပေမယ့် ကိုချက်ကြီးပြောတဲ့ .ကျောင်းစားရိတ်ကို ကိုယ်တိုင်တော့ တတ်နိုင်ပါတယ်... မိဘ ဘက်က supporting ကိုတော့ မပြနိုင်ပါဘူးဆိုတဲ့ လူတွေကို ကျမ ဖြေပေးခဲ့ဘူးပါတယ် ...
ဟုတ်ကဲ့ ...ဘဏ်ထဲမှာ ဒေါ်လာ ဘယ်နှစ်သောင်းအနည်းဆုံးပြရမယ်လို့ ဆိုသော်လည်း ..တကယ်အဲဒီလောက်ကြီး ပြခဲ့ရင်တောင်မှ အဲဒီပိုက်ဆံတွေကို .. ဗီဇာရပီးနောက်ထုတ်ယူနိုင်ပါတယ်..
အဲဒီတော့ ဗီဇာလျှောက်ထားစဉ်မှာ ရှိနေရင် ကိုရပါပီ .. ( မြန်မာပြည်က ဘဏ်မှာထည့်ပြလဲရပါတယ် )
မိဘဘက်က တာဝန်ယူနိုင်မှုမှာတော့ .. ပိုင်ဆိုင်မှု ( အိမ် ခြံ မြေကား ) စတာတွေပြနိုင်ပါတယ် ..
စပွန်ဆာကတော့ .. ကိုယ့်ကို တာဝန်ယူပေးမယ်လို့ ဆိုပေးနိုင်တဲ့ ( ဆိုပေးနိုင်ရုံပဲနော် ) လုပ်ငန်းပိုင်ရှင်.. အကို အမ ဦးလေးအဒေါ် စသည်ဖြင့်ရှိရင်တော့ ကောင်းပါတယ်. ( DNA လိုက်မစစ်ပါဘူး )

နောက်တချက် ကနေဒါရဲ့ ကောင်းကွက်တွေ တော့ .. 1 - ကျောင်းလခကို အရင်ပေးသွင်းဖို့ မလိုပါဘူး .. ဟိုရောက်မှသွင်းရုံပါပဲ ( အော်ဇီ ဗီဇာ ဆိုရင် ကျောင်းလခ အရင်သွင်းပြရပါတယ်.. )
2 - study permit နဲ့  student visa သတ်သတ်စီပါ .. ဥပမာ ကျမမှာ student visa ပေးထားတာရှိပါတယ် ..ကျောင်းမတတ်ရင်တောင်မှ ဆက်နေခွင့်ရှိပါသေးတယ်.. ကျောင်းလခ 6လသွင်းမှ 6လ တိုးပေးတဲ့ စနစ်မရှိပါဘူး .. study permit ကသာ အခြားနိုင်ငံတွေရဲ့  student visa နဲ့ ပုံစံသွားတူပါတယ် အလုပ်လုပ်ခွင့်
ဘာညာနဲ့ သက်ဆိုင်ပါတယ် ..

နောက်တခုက တော့ ဗီဇာလျှောက်တဲ့နေရာမှာ ... မြန်မာပြည်က တိုက်ရိုက် လျှောက်တဲ့ကျောင်းသားတွေအနေနဲ့ .. ယိုးဒယားသံရုံးကိုဝင်ရပါတယ်..
( 10ယောက်မှာ 8ယောက်ထက် မနည်း အပယ်ခံရတယ်လို့ နာမယ်ကြီးပါတယ် .. IELTS 6.5 မရတာ .. မဖြေရသေးတာ ... ဟိုရောက်မှာ ESL တတ်ပီး English requirement ကို
ဖြည့်မယ် ဆိုတာမျိုး စိတ်ကူးလို့ မရပါဘူး .. တန်းကနဲ reject ထိပါတယ် )
ဒီမှာရောက်နေတဲ့ ကျောင်းသားအများစု ဟာ .. စင်ကာပူမှာ ကျောင်းတတ်၇င်း .. မလေးရှားမှာ ကျောင်းတတ်၇င်း အဲဒီနိုင်ငံတွေမှာ ဗီဇာဝင်ခွင့်ရှိလို့ .. ၀င်ပီးရောက်လာတဲ့လူများပါတယ်
Reject ထိတာ မကြားဘူးသေးပါဘူး .. ယိုးဒယားက နေ ဗီဇာဝင်လာတဲ့သူ တယောက်ပဲတွေ့ ဘူးပါတယ်.. ဒါတောင်မှ ယိုးဒယားမှာ ကျောင်းအရင် တတ်ထားတဲ့လူပါ .....

ဘယ်လိုလူမျိုးတွေ Chance များနိုင်မလဲ ပြောပြပါ့မယ် ..

1-- ပညာကို ဆက်တိုက်သင်နေတဲ့ လူတွေ .. ( ဥပမာ - 10တန်းအောင်တယ် .. တက္ကသိုလ်တတ်တယ်.. ကျောင်းပီးပီးခြင်း တနှစ်မကြာဘူး ..စင်ကာပူမှာ ဆက်တတ်တယ်.. တနှစ်မကြာဘူး ကနေဒါကိုကျောင်းတန်းလျှောက်တယ်.. )
2--မြန်မာနိုင်ငံ ပြန် အလုပ်လုပ် နိုင်မယ့် ပညာရပ်မျိုး သင်လိုတဲ့လူတွေ ..ပြန်ပီး အလုပ်လုပ်နိုင်မယ့် အခြေအနေ ပြနိုင်တဲ့လူတွေ ( ဥပမာ - မိဘက ပွဲရုံလုပ်တယ်.. သားက သတင်းထောက်
ပညာနဲ့ ဘွဲယူတယ် ဆိုတာမျိုး ဘယ်လိုမှ ယုတ္တိမရှိပါဘူး .. မြန်မာပြည်မှာ သတင်းထောက်လုပ်ဖို့ ဆိုတာ ဘယ်လိုမှန်းလည်း တကမ္ဘာလုံးသိပါတယ် )

3- အခြားနိုင်ငံခြားတိုင်းပြည်တွေမှာ ပညာသင်ဘူး ကျောင်းတတ်ဘူးထားတဲ့ လူတွေ

4- University တတ်ဖို့ လျှောက်တဲ့လူတွေ ( Diploma နဲ့  English စာတတ်ဖို့ လျှောက်ရင် မရဖို့ များပါတယ် )


အသေးစိတ်ပြန်ပြောရရင် .. ကြံကြံဖန်ဖန်.. ဒုံးပျံအကြောင်းသင်ချင်တာမျိုး .. ခုနက လို သတင်းထောက်ညာသင်ချင်တာမျိုးဆိုရင် ဗီဇာမရဘူးလား လို့ မေးဖို့ ရှိပါတယ်..
ဒါမှ မဟုတ် ငါကတော့ college လောက်ပဲ 2နှစ်လောက်တတ်ချင်တာ University ကြီးတော့ လေးငါးနှစ် မတတ်ချင်ဘူးဆိုရင်လည်း ရပါတယ် Very Happy .
သင်ချင်တဲ့ဟာ တတ်ချင်တဲ့ကျောင်းကို ကနေဒါထဲ ရောက်မှ ပြောင်းတော်မူလို့  ဘယ်သူမှကန်မထုတ်ပါဘူး .. ( အနော်ပြောတာ မဟုတ်ဘူးနော် . ကြောက်လို့ ပါ )

တခုပဲရှိပါတယ်..တနှစ် 2သောင်းပေးရတဲ့ University ကြီး တတ်မယ်ဆိုပြီး လာပြီးတော့ .. မြို့ လေးက ဈေးသက်သာတဲ့ college ပြောင်းတတ်ထားတယ်ဆိုရင်တော့ ကျောင်းတတ်နေတုန်း
မြန်မာပြည်မပြန်တာကောင်းပါတယ်..
မဟုတ်၇င် ပြန်အ၀င်မှာစကားပြောရပါလိမ့်မယ် .. အဲဒီလောက်တော့လည်း ဘယ်သူမှ သဘောမကောင်းနိုင်ပါဘူး Very Happy .
http://malaymaydreams.blogspot.com/
burmanone
burmanone

Number of posts : 164
Age : 114
Location : toronto Canada
Registration date : 2009-03-09

http://www.yeyintnge.blogspot.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum