Oversea Myanmar Community
Would you like to react to this message? Create an account in a few clicks or log in to continue.

တာချီလိတ်တွင် မူးယစ်ဆေးဝါး အမြောက်အမြား ဖမ်းမိ

Go down

တာချီလိတ်တွင် မူးယစ်ဆေးဝါး အမြောက်အမြား ဖမ်းမိ Empty တာချီလိတ်တွင် မူးယစ်ဆေးဝါး အမြောက်အမြား ဖမ်းမိ

Post  baganland Thu Mar 12, 2009 6:58 am

ထိုင်း-မြန်မာနယ်စပ် တာချီလိတ် မြို့တွင် ရာဘခေါ် မက်သာ အဖက်တမင်း စိတ်ကြွဆေးပြား ၂ သန်းခန့် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖမ်းမိကြောင်း တာချီလိတ် ရဲတပ်ဖွဲ့က ပြောသည်။

ကျိုင်းတုံမြို့ဘက်မှ လာသော ကုန်တင်ကား တစီးအား တာချီလိတ် မြို့အ၀င် မဲယန်ရွာ စစ်ဆေးရေး ဂိတ်တွင် ရှာဖွေ စစ်ဆေးရာမှ ယင်းဆေးပြားများကို ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု တာချီလိတ် ရဲ စခန်းမှ တာဝန်ရှိသူ တဦး ကပြောသည်။

“ကျနော်တို့ အဲဒီ ကုန်တင်ကား အောက်မှာ ၀ှက်ယူလာတဲ့ ဓာတ်ဆီပုံးလိုမျိုး သံပုံး အသေး ၂ ပုံး တွေ့တယ်၊ မသင်္ကာတာနဲ့ စစ်ကြည့်လိုက်တော့ အဲဒီ ဆေးပြားတွေကိုတွေ့တာ”ဟု တာချီလိတ် ရဲ က ပြောသည်။

အဆိုပါ ဆေးပြားများ သယ်ဆောင်လာသော ကားဒရိုင်ဘာကို ဖမ်းဆီးရမိကြောင်း၊ ကားစပယ်ယာ တဦး ထွက်ပြေးသွားကြောင်း၊ ကားပိုင်ရှင်မှာ ရှမ်းတိုင်းရင်းသူ တဦးဖြစ်ပြီး တာချီလိတ်တွင် ၎င်း ပိုင်သည့် အိမ်ရှိ ကြောင်းလည်း သိရသည်။

ထိုရှမ်းအမျိုးသမီးသည် ကျိုင်းတုံတွင် နေထိုင်ပြီး ယခု ဖမ်းမိသည့် ဆေးပြားများကို တာချီလိတ်ရှိ ၎င်း၏ အိမ်တွင် သိုလှောင်ရန်အတွက် ဖြစ်နိုင်ကြောင်း ယူဆရသည်ဟု တာချီလိတ် ရဲ တပ်ဖွဲ့ဝင် ကပြောသည်။

ယမန်နှစ် နိုဝင်ဘာလအတွင်းကလည်း တာချီလိတ်ရှိ ကြယ်ကိုးပွင့် ဟိုတယ်မှ စိတ်ကြွဆေးပြား ၅၀၀၀၀ ခန့် အာဏာပိုင်များက ရှာဖွေဖမ်းဆီးရမိခဲ့သေးသည်။

ယင်းမူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်အတွင်းရှိ တချို့သော တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့ များကလည်း ထုတ်လုပ်နေကြပြီး တာချီလိတ်မြို့ဘက်မှ ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင်ရောင်းချမှုများ ရှိကြောင်း သိရသည်။

ဒေသတွင်းရှိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များက တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ တဖွဲ့ဖြစ် သော ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့(UWSA) သည် မူးယစ်ဆေးဝါးများ ထုတ်လုပ်ရောင်းချ၍ ၀င်ငွေ မြောက်မြားစွာရရှိနေသည်ဟု ဆိုသည်။ အမေရိကန် အစိုးရကလည်း UWSA ခေါင်းဆောင် တချို့ကို ဖမ်းဝရမ်း ထုတ်ထားသည်။

UWSA သည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများကို အာရှတွင် အမြောက်အမြား ကျယ်ပြန့် စွာ ထုတ်လုပ်နေသည့် အဖွဲ့တဖွဲ့ဖြစ်ကြောင်း အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ဆိုသည်။

ထိုင်းနယ်စပ် မယ်ဆိုင်မြို့တွင် မှောင်ခိုကုန်ကူးသူများထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိမှုများရှိနေပြီး ထိုင်းအာဏာပိုင်များက မူးယစ်မှောင်ခိုကုန်ကူးသူများကို နှိမ်နင်းလျှက်ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် အပတ်အတွင်းက တာချီလိတ်ဘက်သို့ ခိုးဝှက်သယ်ယူလာသော စိတ်ကြွဆေးပြား ပြုလုပ်သည့် စက်တခုကို မယ်ဆိုင်ဘက်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သေးသည်။

ဖမ်းဆီးရမိသော စိတ်ကြွဆေးပြား အများစုသည် မြန်မာနိုင်ငံ တာချီလိတ် ဘက်မှ နယ်စပ်ဖြတ်ကျော်ကာ ထိုင်းဘက်သို့ သယ်ဆောင်လာသည့် ဆေးပြားများ ဖြစ်သည်ဟု ထိုင်းအာဏာပိုင်များက ပြောဆိုကြောင်း သိရသည်။

တချိန်တည်းတွင်ပင် မြန်မာအာဏာပိုင်များကလည်း မူးယစ်ရာဇာ နော်ခမ်းကို ဖမ်းဆီးမိန့် ထုတ်ပြန်ထားသည်။ နော်ခမ်းသည် ရွှေတြိဂံဒေသတွင် မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးနေသူဖြစ်ပြီး ၎င်းမှာ တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံများကလည်း အလိုရှိနေသည့် ၀ရမ်းပြေး တဦးဖြစ်သည်။

[Source: ဧရာဝတီ]

baganland

Number of posts : 41
Location : Singapore
Registration date : 2009-03-11

http://www.baganland.co.cc

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum