Oversea Myanmar Community
Would you like to react to this message? Create an account in a few clicks or log in to continue.

ဒူဘိုင်းက ရင်နင့်ဖွယ်ရာအဖြစ်ဆိုး

2 posters

Go down

ဒူဘိုင်းက ရင်နင့်ဖွယ်ရာအဖြစ်ဆိုး Empty ဒူဘိုင်းက ရင်နင့်ဖွယ်ရာအဖြစ်ဆိုး

Post  Admin Sat Mar 07, 2009 3:57 pm

အစားမတော်တစ်လုပ်၊ အသွားမတော်တစ်လှမ်းဆိုတဲ့စကား သိပ်မှန်တယ်ဆိုတာ ကျွန်တော် လက်ခံလိုက် ပါပြီ။ ယနေ့ IT ခေတ်ကြီးမှာ ယောက်ကျားနဲ့အတူ မိန်းမတွေလည်း ရင်ဘောင်တန်းပြီး လိုက်လာနေနိုင်ပါပြီ။ ဒါပေမဲ့ ငွေနောက်ကောက်ကောက်ပါအောင် လိုက်ရင်တော့ ယောက်ကျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် ဘ၀အဆုံးသတ် ကောင်းမှာ မဟုတ်ပါဘူး။ အထူးသဖြင့် နိုင်ငံရပ်ခြားမှာ မိဝေး ဖဝေးစွန့်စွန့်စားအလုပ်လုပ် နေကြသူများအတွက် လုပ်ငန်းအခက်အခဲအပြင် ပတ်ဝန်းကျင်အသစ်နဲ့ ထိတွေ့ဆက်ဆံ ရသည်မို့ မိမိပုဂ္ဂလိကအဆင်ပြေရေး၊ ကျန်းမာရေး၊ ဘေးအန္တရာယ်များမှ ကင်းဝေးလုံခြုံရေး၊ ကိုယ်ကျင့်သိက္ခာမထိခိုက်ရေးအပြင် ပြည်ပရောက် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံဟာ မိမိနိုင်ငံကို ကိုယ်စားပြုတာမို့ မိမိတို့ရဲ့ အပြုအမှုများသည် မိမိတစ်ဦးချင်း၊ မိမိတစ်မိသားစုတင် သာမက နိုင်ငံရဲ့ဂုဏ်သိက္ခာကိုပါ မြှင့်တင်စေနိုင်၊ ထိခိုက်စေတာမို့ အထူးဂရုပြု သင့်ပါတယ်။


ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဒူဘိုင်းမှာ အဓမ္မပြုကျင့်ပြီး ရက်ရက်စက်စက်အသတ်ခံခဲ့တဲ့ မြန်မာအမျိုးသမီးလေးပါ။ အရင် သူမက မလေးရှားမှာ ခင်ပွန်းဖြစ်သူနဲ့အတူ အလုပ် လုပ်တာခဲ့ပါတယ်။ ၆ နှစ်အရွယ် သမီးငယ်လေးတစ်ယောက်ရှိပြီး ပျော်ရွှင် ချမ်းမြေ့စရာ ကောင်းတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်ခဲ့ရပါတယ်။ လူဆိုတော့လည်း ခေတ်ရေစီးကြောင်းနဲ့အညီလိုက်နိုင်ဖို့၊ ပတ်ဝန်းကျင်မှာ အဆင့်အတန်းမြင့်မြင့်နဲ့ နေနိုင်ဖို့စတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်အောင် ရုန်းကန်လှုပ်ရှားရင်း လောဘဇောတွေ အတောမသတ်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ယူအေအီးနိုင်ငံရဲ့ အကြီးဆုံးလေကြောင်းလိုင်း ဖြစ်တဲ့ ဒူဘိုင်းအခြေစိုက် Eminates Airline ရဲ့ Customer Service ဌာနမှာ လွန်ခဲ့တဲ့ (၆)ကမှစပြီး အလုပ်ရခဲ့လို့ ဘ၀အတွက်မျှော်လင့်ချက်တွေ ပိုမိုရရှိခဲ့ပါတယ်။ မိမိကိုယ်တိုင် ၀တ်တတ် စားတတ်ပြီး ပင်ကိုယ်ကလည်း ချောမောလှပဆွဲဆောင်မှုရှိတဲ့အတွက် လူအများရဲ့အလယ်မှာ ဂုဏ်ယူဝင့်ကြွားစရာ ဖြစ်လာခဲ့ပါတယ်။ လုပ်ဖော်ကိုင်ဖက် ၀န်ထမ်းတွေရဲ့ အလယ်မှာလည်း အလှမာန်ဝင့်ပြီး ရေပန်းစားလာ ပါတယ်။ မိတ်ဆွေသူငယ်ချင်းများရဲ့ သတိပေးတားမြစ်မှုတွေကြားကနေပြီး အိမ်ထောင်နဲ့ သမီးငယ်လေးကိုမေ့ကာ တိုင်းတပါးသားတစ်ယောက်ရဲ့ အပင့်အမြှောက်၊ လုပ်ကြံဇာတ်လမ်း ထဲမှာ နစ်မြောခဲ့ပါတယ်။ တစ်ယောက်ထဲ အထီးကျန်ဆန်မှုတွေကို လုပ်ဖော်ကိုင်ဖက်တိုင်းတပါးသားရဲ့ ရင်ခွင်မှာပဲ ဖြေသိမ့်နစ်မြောရင်းခရီးဆက်ခဲ့ပါတယ်။

သို့သော် သူမရဲ့ ရင်ခုန်လှိုက်မောဖွယ်ရာ အချစ်စွန့်စားခန်းကတော့ အဆုံးသတ်မလှခဲ့ပါဘူး။ ချစ်သူ ခေါ်ရာကို လိုက်သွားခဲ့ပြီးနောက် ၆ ရက်မြောက်နေ့မှာ သူမနေထိုင်တဲ့ အဆော်အနီးအနားရှိ ဆောက်လက်စ တိုက်ခန်း မြေကွက်လပ်ဘေး ရေနှုတ်မြောင်းကွန်ကရစ်အုတ်ကန်အတွင်းမှာ အ၀တ်အစားမဲ့ ခန္ဓာကိုယ်နဲ့ ဘ၀ကို အဆုံးသတ်သွားခဲ့ပါတယ်။

ဒူဘိုင်းမှာ မြန်မာသံရုံးမရှိပါဘူး။ ဘယ်သူ့ကိုသွားပြီး အားကိုးရမလဲ။ ဒူဘိုင်းရဲတွေကတော့ အလောင်းစစ်ဆေးပြီး လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုများ မပြီးပြတ်သေးတဲ့အတွက် သူမ သေဆုံးရသည့်အကြောင်းအရင်းကို တိကျစွာမသိရသေးဘူး လို့ပဲ မရေရာ မသေချာမှုနဲ့ပဲ အဆုံးသတ်ပေးခဲ့ပါတယ်။ ညအချိန်မတော်ပြန်အလာ လူပြတ်တဲ့ ဆောက်လက်စအဆာက်အဦးအနားမှာ ကုလားတွေက အဓမ္မပြုကျင့်ပြီး အသတ်ခံ ခဲ့ရတယ်လို့သာ ကောက်ချက်ချထားနိုင်ခဲ့ပါတယ်။ ကျန်ရစ်ခဲ့တဲ့ ခင်ပွန်းနဲ့ သမီးငယ်လေးအတွက်တော့ စိတ်မကောင်းစွာ ဖြစ်ခဲ့ရ ပါတယ်။ နိုင်ငံရပ်ခြားကိုမှ အထင်ကြီးတက်ကြတဲ့ မြန်မာအမျိုးငယ်တစ်ချို့အတွက် သင်ခန်းစာယူနိုင်ကြပါစေ.....။


နေမင်းသူ [justify]

Admin
Admin

Number of posts : 36
Registration date : 2009-03-05

https://omcf.forumotion.com

Back to top Go down

ဒူဘိုင်းက ရင်နင့်ဖွယ်ရာအဖြစ်ဆိုး Empty Re: ဒူဘိုင်းက ရင်နင့်ဖွယ်ရာအဖြစ်ဆိုး

Post  soeaung Tue Mar 10, 2009 7:22 am

ယူအေအီး Gulf News ရဲ့ မတ်လ ၅ ရက်နေ့ သတင်းစာထဲမှာ မြန်မာနဲ့ ပတ်သက်တဲ့ သတင်းတစ်ပုဒ် ထပ်ပါလာတယ်။ "Couple appeals sex on beach sentence" လို့ ဆိုပါတယ်။

ဟိုတလောက မြန်မာအမျိုးသမီးတစ်ဦး အသတ်ခံလိုက်ရတဲ့ သတင်း ၊ သတင်းစာမှာ ပါလာတုန်းက ဒူဘိုင်းကသူငယ်ချင်းတစ်ယောက် ပြောတာ သတိရမိတယ်။ “ရုံးမှာလေ.. မြန်မာမ တစ်ယောက် အသတ်ခံရတယ် ဆိုတော့ ငါ့ကို ကုလားတွေ လာမေးလိုက်ကြတာ.. ၀ိုင်းအုံနေတာပဲ။ နောက်.. သတင်းထဲမှာ သတ်တာက ကုလားဆိုတာလဲ ပါလာရော ဘယ်သူမှ လာမမေးတော့ဘူး။ မသိချင်ယောင် ဆောင်နေကြတယ်..။” တဲ့။ ခုလဲ မြန်မာတွေ ယူအေအီးမှာ နာမည်ကြီးပြန်ပြီပေါ့။

၂၀၀၃ခုနှစ်၊ ယူအေအီး ရောက်ကာစက “ဘယ်နိုင်ငံကလဲ” - ဆိုတဲ့ အမေးရှိလို့ “မြန်မာကပါ” လို့ ဖြေတဲ့အခါ မသိတဲ့သူ များပါတယ်။ “အရင်ကတော့ ဘားမား လို့ ခေါ်တယ်။” လို့ ဖြည့်စွက် ပြောလိုက်ရင်၊ “အော်..ဘွေားမားလား..” ဆိုပြီး သိတဲ့သူ ရှိသလို၊ လုံးဝ မသိတဲ့သူလဲ ရှိခဲ့တယ်။ နီပေါကုလား၊ အိန္ဒိယ ကုလားနဲ့ ဘင်္ဂလားဒေ့ရှ်က ကုလား ဆိုရင်တော့ သိကြတာ များပြီး ပါကစ်စတန် ကုလား နဲ့ တစ်ခြား အာရပ်နိုင်ငံက အာရပ်တွေက မသိကြတာ များပါတယ်။ ဖိလစ်ပိုင်တစ်ချို့လဲ (အာရှတိုက်အကြောင်း သေချာမသိကြဘူးထင်ပါရဲ့ လို့ တစ်ခါတစ်လေ စိတ်ကူးပေါက်စွာ တွေးမိပါရဲ့။) မသိကြရှာဘူး။ မြန်မာကို တစ်ချို့က ဖိလစ်ပင်းနိုး/နား တွေနဲ့ မှားလေ့ရှိကြတယ်။ ခြုံငုံပြီး ပြောပြရင်တော့ မြန်မာ ဆိုတာ မသိကြတာ များတယ်။ ဒါပေမယ့် အခု သိမယ့် သိကြတော့လဲ ဟာ ... သတင်းစာထဲမှာ စာလုံးမဲကြီးနဲ့ပါလား - ဆိုသလို ဖြစ်ရပြန်ပြီပေါ့လေ။

Couple appeals sex on beach sentence သတင်းနဲ့ ပတ်သတ်လို့ ၊ Couple ဆိုတဲ့ နှစ်ယောက်အနေနဲ့ ယူအေအီးရဲ့ တားမြစ်ထားတဲ့အချက်တွေကို သိသင့်တယ်လို့ ထင်မိတာပါပဲ။ ယူအေအီးမှာ ဒီလို ကမ်းခြေမှာ ဒီလိုလုပ်တယ် မဆိုထားနဲ့၊ လူမြင်ကွင်းမှာ လက်မထပ်ရသေးတဲ့ လူနှစ်ယောက် လူလိုသူလို နမ်းရင်တောင် အစိုးရအနေနဲ့ ဖမ်းဆီးခွင့်ရှိပါတယ် - လို့ ကြားဖူးခဲ့ပါတယ်။ လက်မထပ်ရသေးတဲ့ လူနှစ်ယောက် ကားပေါ်မှာ ကယုကယ နေမိလို့ ဒုက္ခများကြရတဲ့ သတင်းတစ်ပုဒ်လဲ ဖတ်ဖူးခဲ့ပါတယ်။ A BRITISH couple appeared in a Dubai court today accused of having sex on a beach in the booming Gulf city state. သတိထားစရာ ဒီလို သတင်းမျိုးတွေ ရှိနေခဲ့/ရှိနေဆဲပါ။ နောက်ပြီး အရက်သောက်ထားတယ် ဆိုတော့ ပိုပြီး ပြောစရာ ဖြစ်လို့ နေပြန်တယ်။

အကြမ်းဖျဉ်းအားဖြင့် ယူအေအီးမှာ အရက်နဲ့ဘီယာကို တရားဝင် ရောင်းချခြင်း ခွင့်မပြုထားပါဘူး။ (ဒါပေမယ့်လဲတဲ့..၊ တရားဝင် ရောင်းချခွင့် ရှိတဲ့ ဟိုတယ်ကြီးများထဲမှာ အလွယ်တကူ ၀ယ်သောက်လို့ ရပါတယ်။ သူ့လိုင်းနဲ့ သူ၊ လက်တို့ပြီးတော့ အလွယ်တကူ ၀ယ်လို့ ရတဲ့ နေရာတွေ ရှိပါတယ်။ မြန်မာပြည်မှာတုန်းက အရက်နေ့တိုင်းသောက်တဲ့ အင်ဂျင်နီယာ အစ်ကိုကြီးတစ်ယောက်၊ ဒူဘိုင်းမှာ အလုပ်သွားလုပ်မယ် ဆိုတော့.. သူ့အမျိုးသမီးက ၀မ်းသာတယ်။ အရက် ၀ယ်လို့ မရတဲ့ နေရာလို့ ကြားထားဖူးတော့ သူ့အမျိုးသားခမျာ အရက်ပြတ်ရှာပြီ ဆိုပြီး ၀မ်းသာရှာတာပါ။ ဒါပေမယ့် ဘယ်ဟုတ်ပါ့မလဲ။ သဲကန္တာရ အလယ်တည့်တည့်မှာ ရှိတဲ့ လုပ်ငန်းခွင်ရုံးအရောက် အရက် ပို့ပေးတဲ့သူ ရှိပါတယ်။ နောက်ပြီး ယူအေအီး သွားတဲ့သူတွေ ၀က်သားမစားရတော့ဘူး လို့ တွေးထင်ထားတဲ့သူတွေလဲ မှားပါတယ်။ သိသလောက် Spinneys နဲ့ တစ်ခြား စူပါမားကတ် တစ်ချို့မှာ “မွတ်စလင်ဘာသာဝင် မဟုတ်သူများအတွက်” ဆိုပြီး ဆိုင်းဘုတ်ချိတ်ကာ ၀က်သားကို ရှယ်ရောင်းပေးပါတယ်။ ဒါပေမယ့် စားသောက်ဆိုင်တွေမှာတော့ ၀က်သားဟင်း ကို ဘယ်လိုမှ ရှာလို့ရမှာ မဟုတ်ပါဘူး။ ချွင်းချက်အနေနဲ့ Bur Dubai ဘက်မှာတော့ ဆိုင်းဘုတ်မရှိဘဲ အိမ်အခန်းထဲမှာ ရောင်းတဲ့ တရုတ်ဆိုင်တစ်ဆိုင်မှာ ၀က်ခေါက်သုတ်တို့ ဘာတို့ စားလို့ရကြောင်း ကြားဖူးပါတယ်။)

ဒါကြောင့် ယူအေအီးမှာ အရက်၊ ၀က်သား၊ မိန်းမ စတာတွေမှာ တားမြစ်ထားတဲ့အချက်တွေ များစွာရှိပေမယ့် သူ့နည်းသူ့ဟန်နဲ့ အဆင်ပြေနေကြတာတွေ အများကြီး ရှိတယ်။ ယူအေအီးဟာ မွတ်စလင်တိုင်းပြည်ဖြစ်တဲ့အတွက် အနောက်တိုင်းယဉ်ကျေးမှုဆိုတာကို သိသိသာသာ အ၀င်မခံဘူး။ ဒါပေမယ့်လည်း နိုင်ငံတိုးတက်ဖို့အတွက် နိုင်ငံတကာက လူတွေ လိုအပ်တယ်ဆိုတာ ကောင်းကောင်းသိထားတဲ့အတွက် ပိတ်ထားသော်လည်း မသိမသာ ဟဟလေး ဖွင့်ပေးထားတယ်၊ ထောင်ချောက်တော့ မမိစေနဲ့ - လို့ ပြောရမလိုပါပဲ။

ယူအေအီးက အနီးအနားမှာ ရှိတဲ့ တစ်ခြားအာရပ်နိုင်ငံတွေထက် စာရင် အများကြီး တော်သေးတာပါ။ အီရတ်ကို တစ်ခါရောက်သွားတော့ အမျိုးသမီးများအနေနဲ့ မွတ်စလင်ဖြစ်ဖြစ်၊ တစ်ခြားဘာသာဝင် ဖြစ်ဖြစ်၊ ဘာသာမဲ့ပဲ ဖြစ်ဖြစ် ခေါင်းကို လုံအောင် ခြုံပြီးမှသာ အခန်းအပြင်ကနေ ထွက်ခွင့်ရှိကြောင်း သိခဲ့ရတယ်။ ယူအေအီးမှာ အဲဒီလောက် မတင်းကျပ်ပါဘူး။

[Source: http://pan-nwe.blogspot.com/]
soeaung
soeaung
Admin

Number of posts : 30
Registration date : 2009-03-07

Back to top Go down

ဒူဘိုင်းက ရင်နင့်ဖွယ်ရာအဖြစ်ဆိုး Empty Re: ဒူဘိုင်းက ရင်နင့်ဖွယ်ရာအဖြစ်ဆိုး

Post  soeaung Tue Mar 10, 2009 7:24 am

Keep in mind

- Kissing in public and public displays of affection are frowned upon.
- Indecent gestures could land you in jail.
- Dress code is generally casual
- Since you are visiting a Muslim country, bikinis, swimsuits, shorts and revealing tops should be confined to beach resorts.
- Women are usually advised not to wear short skirts and to keep their shoulders covered.
- In Sharjah women are prohibited from wearing swimsuits on public beaches.
- In Abu Dhabi, visitors are advised not to wear excessively revealing clothing in public places, as a sign of respect for local culture and customs.
- This also applies to public beaches, where swimmers should avoid excessively revealing swimming suits.
- Most nightclubs require their guests not to wear shorts, caps or sport shoes on their premises.
- Details on clothing requirement for Jumeirah mosque visit at www.cultures.ae/jumeirah

ဒီလို အသတ်ခံရတဲ့သတင်းတွေ၊ ပြစ်ဒဏ်ချခံရတဲ့ သတင်းတွေ ဖတ်ရတော့ “ဘယ်သူကိုမှ အပြစ်လည်း မတင်ချင်ပေ။” ဆိုတဲ့ သီချင်းထဲက လိုပါပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ မိသားစုနဲ့ဝေးရာမှာ အလုပ်လုပ်ရအောင် အကြောင်းဖန်လာတဲ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေကို အပြစ်တင်မလား။ ဒါပေမယ့် တစ်ခြားနိုင်ငံတွေမှာလဲ ဒီလိုပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ နေရာစိမ်းမှာ ခက်ခဲကြမ်းတမ်းစွာ ရပ်တည်ကြရတဲ့သူတွေ ရှိတာပါပဲ။ တစ်ခြားနိုင်ငံတွေမှာလဲ မိသားစုနဲ့ တကွဲတပြားနေရပြီး စီးပွားရှာနေကြရတဲ့သူတွေလည်း အများကြီးရှိတယ် ထင်မိတာပါပဲ။ ဒါကြောင့် တစ်ဦးတစ်ယောက်ချင်းစီရဲ့ ခံယူချက်၊ စရိုက်လက္ခဏာတွေနဲ့ပဲ ဆိုင်မယ် ထင်မိတယ်။ နိုင်ငံရေးတွေ၊ တာဝန်မကျေကြတဲ့သူတွေကို လက်ညိုးထိုးနေရင်လည်း ဘာမှ ထူးမလာမယ့် အတူတူ၊ ဒီလို အခြေအနေမျိုးတွေမှာ ကံကို ယိုးမယ်ဖွဲ့လို့ မရဘဲ...သတိလေးနဲ့ သေသေချာချာ ထိန်းထိန်းသိမ်းသိမ်းလေး နေခြင်းသာလျှင် အဆင်ပြေမယ် ထင်မိတယ်။ အထင်အမြင် သက်သက်ပါလေ။ မှားကောင်း မှားနိုင်ပါတယ်။

[Source:
http://pan-nwe.blogspot.com/]
soeaung
soeaung
Admin

Number of posts : 30
Registration date : 2009-03-07

Back to top Go down

ဒူဘိုင်းက ရင်နင့်ဖွယ်ရာအဖြစ်ဆိုး Empty Re: ဒူဘိုင်းက ရင်နင့်ဖွယ်ရာအဖြစ်ဆိုး

Post  Sponsored content


Sponsored content


Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum