Oversea Myanmar Community
Would you like to react to this message? Create an account in a few clicks or log in to continue.

ဟန်ဆောင်ခြင်းရဲ့နောက်ကွယ် …

2 posters

Go down

ဟန်ဆောင်ခြင်းရဲ့နောက်ကွယ် … Empty ဟန်ဆောင်ခြင်းရဲ့နောက်ကွယ် …

Post  dimple Mon Mar 30, 2009 1:01 pm

လူတွေရဲ့ အမြင်မှာ ကျမက သွေးအေးပြီး ခံစားချက်ကင်းမဲ့သူတဲ့။ ဒီလိုနေတတ်အောင် ကျမ တော်တော် လေ့ကျင့် ယူခဲ့ရတယ်။ ဘာကြောင့်လဲဆိုရင် တကယ်တမ်းတော့ ကျမက အရမ်းကို ထိခိုက်ခံစားလွယ်တဲ့သူ၊ စိတ်ပျော့တဲ့သူ၊ အရောင်ဆိုးခံရတာ လွယ်သူတစ်ယောက်ဖြစ်နေလို့ပဲ၊ ဒီတော့ ကျမရဲ့ ခံစားချက်အမှန်တွေကို ကျမရဲ့မျက်နှာမှာရော၊ ကျမရဲ့မျက်လုံးမှာပါ မရှိအောင် တဘက်လူမသိအောင် ဟန်ဆောင်ဖုံးကွယ်တတ်လာခဲ့တယ်။ စိတ်ရဲ့ပြတင်းပေါက်က မျက်လုံးဆိုတာ ကျမအတွက်တော့ ပုံပြင်လို့ပေါ့။ ဒါကြောင့်လည်း ကျမရင်ထဲမှာ ဘာတွေခံစားရတယ် ဘာတွေဖြစ်နေတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးပေါ့။ ကျမရဲ့ မိဘနှစ်ပါး ကလွဲရင်ဆိုပါတော့…။
သူငယ်ချင်းတစ်ယောက်က ကျမကိုပြောဘူးတယ် ... တစုံတစ်ယောက်ကို ချစ်ရင်၊ ခင်ရင်၊ မြတ်နိုးရင် .. စိတ်ထဲကပဲ ချစ်ရုံ၊ ခင်ရုံ၊ မြတ်နိုးရုံ နဲ့မရဘူး .. မျက်နှာ အမူအရာ လေးတွေကပါ သူတဖက်သားကို သိသာအောင် ပြတတ်ရတယ် လို့ ... ပြောခဲ့တယ် .. ဟုတ်ပါတယ် ကျမ၀န်ခံပါတယ် ... ချစ်ရသူပေါ်ထားရှိတဲ့ ကျမရဲ့ချစ်မြတ်နိုးခြင်း ချစ်ရိပ်တွေကို မျက်ဝန်းကတဆင့် မပြနိုင်ခဲ့လို့ သူနဲ့ အဝေးကြီးဝေးခဲ့ရတယ်။ အဲဒီအတွက် အမြဲယူကျုံးမရ ဖြစ်ခဲ့ရတယ်။ အခုချိန်မှာတော့ သူနဲ့ကျမရဲ့ ကြားမှာ ဘယ်လိုမှ မဖြစ်နိုင်တဲ့စည်းတစ်ခု ခြားလို့ ဘယ်လိုမှ နီးစပ်ခွင့် မှရှိတဲ့ အခြေအနေတခုပေါ့။ တခါတလေ မတော်တဆများ ပြန်တွေ့တော့ ဖော်ပြလို့မရတဲ့ ခံစားမှုတွေနဲ့ ကျမနှလုံးသားလေး နာကျင်ရပါတယ်……။
ကျမသူ့ကို မမုန်းပါဘူး၊ မေ့ပစ်ဖို့စိတ်တော်မကူးမိဘူး၊ ဘာလို့လဲဆိုတော့ ကျမ သူ့ကို အရမ်းချစ်ခဲ့တယ်၊ အခုလဲချစ်နေဆဲ၊ နောင်လဲ ဆက်ချစ်နေဦးမှာပဲ။ ကျမသူ့ကို ချစ်ခဲ့တာ အကြောင်းပြချက် မရှိပဲ ချစ်လို့ကိုချစ်ခဲ့တာ၊ သူ့ကို ချစ်ခဲ့ရတဲ့အတွက် နောင်တဆိုတာ ကျမအတွက် မရှိခဲ့ဘူး၊ သူ့ကို ချစ်ခဲ့တာ မျှော်လင့်ခြင်းတွေ၊ ရယူပိုင်ဆိုင်လိုခြင်းတွေ မရှိပဲ ချစ်ခဲ့တာပါ၊ အဲဒီ မျှော်လင့်ခြင်း ပိုင်ဆိုင်ခြင်း တွေရှိခဲ့ရင်မယ်ဆိုရင်တောင် ကျမသူ့ကို ချစ်တာရဲ့ တစ်ဝက်လောက်ပဲ ကျမကို ပြန်ချစ်ဖို့ပဲ …. အဲဒါကတော့ မဖြစ်နိုင်တဲ့ အိမ်မက်တစ်ခု ပါ …။
တနေ့ကျရင် သူနဲ့ ပြန်ဆုံချင်ပါသေးတယ် အဲဒီအချိန်ကျရင် ကျမရဲ့ အချစ်တွေကို အရင်လိုပဲ အဖြူရောင်သန့်စင်တဲ့ မေတ္တာရားတွေ လွမ်းခြုံထားတဲ့ ဟန်ဆောင်မျက်ဝန်းတွေ ဆင်မြန်းလို့ ပြုံးပြုံးလေး နှုတ်ဆက်ချင်ပါသေးတယ် ………..။

P.S ဒီနေ့ ထူးထူးခြားခြား သူ့ကို သတိရနေမိလို့ ဒီ post လေးရေးဖြစ်သွားတယ်။
dimple
dimple

Number of posts : 9
Age : 65
Registration date : 2009-03-11

Back to top Go down

ဟန်ဆောင်ခြင်းရဲ့နောက်ကွယ် … Empty Re: ဟန်ဆောင်ခြင်းရဲ့နောက်ကွယ် …

Post  burmanone Wed Apr 01, 2009 1:35 pm

ဆုံနိုင်ပါစေကွယ်
burmanone
burmanone

Number of posts : 164
Age : 114
Location : toronto Canada
Registration date : 2009-03-09

http://www.yeyintnge.blogspot.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum