Oversea Myanmar Community
Would you like to react to this message? Create an account in a few clicks or log in to continue.

ကျိုင်းတောင်း ရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

Go down

ကျိုင်းတောင်း ရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံ ဖွင့်ပွဲ အခမ်းအနား ကျင်းပ Empty ကျိုင်းတောင်း ရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

Post  baganland Wed Mar 25, 2009 6:59 pm

၂၀၀၉ခုနှစ် (၆၄)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)
လင်းခေးခရိုင် မိုးနဲမြို့ အရှေ့မြောက်ဘက်မိုင် ၃၀ ခန့်အကွာ နမ့်တိန်ချောင်းပေါ်ရှိ ကျိုင်းတောင်း ရေတံခွန်အနီး
တွင် နမ့်တိန်ချောင်းမှရေကို သွယ်ယူ၍ လျှပ်စစ်ဓါတ်အားထုတ်ယူရန်အတွက် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီး

ဌာနရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနကတာဝန်ယူတည်ဆောက်ပြီးစီးသွားသည့်ကျိုင်းတောင်း
ရေအား လျှပ်စစ်ဓါတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားကို မတ် ၂၁ရက် နံနက် ၉နာရီခွဲတွင် အဆိုပါ ရေအားလျှပ်
စစ်ဓါတ်အားပေးစက်ရုံ၌ ကျင်းပခဲ့သည်။ ကျိုင်းတောင်ရေအားလျှပ်စစ်စီမံကိန်းသည်လျှပ်စစ်ဓါတ်အား၅၄မဂ္ဂါဝပ်
ထုတ်လုပ်နိုင်အားရှိသည့် နိုင်ငံတော်၏ အကြီးစားရေအားလျှပ်စစ်စီမံကိန်းဖြစ်ပြီးငါးနှစ်ခန့်အချိန်ယူတည်ဆောက်
ခဲ့ရကြောင်း ရှမ်းပြည်နယ်အတွင်းတည်ဆောက်ပြီးစီးသော စီမံကိန်းများအနက် လောလော ဆယ်အချိန်တွင် ဤ
ကျိုင်းတောင်းစက်ရုံစီမံကိန်းသည် အကြီးဆုံးရေအားလျှပ်စစ်စီမံကိန်းဖြစ်ကြောင်း၊ ကျိုင်းတောင်း စက်ရုံမှ ထုတ်
လုပ်သည့် လျှပ်စစ်ဓါတ်အားများကို လွိုင်လင်းခရိုင်နှင့် လင်းခေးခရိုင်၌ရှိကြသောကျိုင်းတောင်း၊လွိုင်လင်၊နမ့်စန်၊
လင်းခေး၊ မိုးနဲ၊ မိုင်းပန်၊ မောက်မယ်၊ ပင်လုံ၊ လဲချားစသည့်မြို့များကို ဖြန့်ဖြူး ပေးလျက်ရှိသည့်အတွက် ကျန်မြို့
များသည်အမှောင်ခွင်းပြီး အလင်းဆောင်နေကြပြီဖြစ်ကြောင်း၊ ဆက်လက်၍ အထက်ကျိုင်းတောင်း ရေအားလျပ်
စစ်စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိပြီးဖြစ်သည့်အတွက် ဤစီမံကိန်းပြီး သွားသည့်အခါ လက်ရှိကျိုင်း
တောင်းရေအားလျပ်စစ် ဓါတ်အားပေးစက်ရုံ၏ ဓါတ်အားထုတ်လုပ်မှုသည် ပိုမို သေချာခိုင်မာလာမည်ဖြစ်သည့်အ
ပြင် အထက်ကျိုင်းတောင်း စီမံကိန်းမှလည်း လျှပ်စစ်ဓါတ်အားများ ထပ်မံ တိုးတက်ရရှိပြီး ရှမ်းပြည်နယ်အတွက်
သာမက နိုင်ငံတော်၏ လျှပ်စစ်ဓါတ်အားလိုအပ်ချက်ကိုပါ ပိုမိုအထောက်အကူပြု ဖြည့်ဆည်းပေးသွားနိုင်မည်ဖြစ်
ကြောင်း၊ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းကိုရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်မိုးနဲမြို့အရှေ့မြောက်
ဘက်မိုင် ၃၀ခန့်အကွာ နမ့်တိန်ချောင်းပေါ်ရှိ ကျိုင်းတောင်းရေတံခွန်အနီးတွင် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီး
ဌာန ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန တည်ဆောက်ရေး(၇)က ၂၀၀၄ ခုနှစ်တွင် စတင်တည်

ဆောက်ခဲ့ပြီး ၂၀၀၈ခုနှစ်အောက်တိုဘာ ၃၀ရက်တွင် စက်ရုံကိုစတင်စမ်းသပ် လည်ပတ်နိုင်ခဲ့သည်။ စက်ရုံ၏စက်
သုံးလုံးမှ လျှပ်စစ်ဓါတ်အား ၅၄မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး တစ်နှစ်လျှင် လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီ
သန်းပေါင်း ၃၇၇ .၆သန်းထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။ စက်ရုံမှထုတ်လုပ်သည့်လျှပ်စစ်ဓါတ်အားများကိုအရှည်

မိုင် ၁၁၄မိုင်ရှိသည့် ၁၃၂ကေဗွီဓါတ်အားလိုင်း သွယ်တန်း၍ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်နှင့်လင်းခေး
ခရိုင်အတွင်းရှိ မြို့နယ်များသို့ လျှပ်စစ်ဓါတ်အားများဖြန့်ဖြူးသွားမည်ဖြစ်ပြီး မဟာဓါတ်အားလိုင်းမှတစ်ဆင့်အခြား
ပြည်နယ်နှင့် တိုင်းများသိုလည်း လျှပ်စစ်ဓါတ်အားများ ဖြန့်ဖြူးပေးမည်ဖြစ်သည်။ ကျိုင်းတောင်း ရေအားလျှပ်စစ်
စက်ရုံစီမံကိန်းကို နိုင်ငံတော်က ငွေကျပ်သန်း ပေါင်း ၁၅၂၈၅သန်းနှင့် နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၁၉.၅၆
သန်း အကုန်အကျခံကာ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း ၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်နေ့ထုတ် မြန်မာ့အလင်း
သတင်းစာတွင်ဖော်ပြထားပါသည်။

baganland

Number of posts : 41
Location : Singapore
Registration date : 2009-03-11

http://www.baganland.co.cc

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum