Oversea Myanmar Community
Would you like to react to this message? Create an account in a few clicks or log in to continue.

ပရိသတ်များ စိတ်ဝင်စားနေသည့် ရတနာပုံ FC အသင်း ကစားသမား တစ်ဦး စတင် စာချုပ်ချုပ်

Go down

ပရိသတ်များ စိတ်ဝင်စားနေသည့် ရတနာပုံ FC အသင်း ကစားသမား တစ်ဦး စတင် စာချုပ်ချုပ် Empty ပရိသတ်များ စိတ်ဝင်စားနေသည့် ရတနာပုံ FC အသင်း ကစားသမား တစ်ဦး စတင် စာချုပ်ချုပ်

Post  wintersun Sun Mar 22, 2009 12:33 pm

နိုင်ငံခြားသား နည်းပြနှင့် ကစားသမားများ ခေါ်ယူမည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် နာမည်ကြီးနေသော ရတနာပုံ FC အသင်းသည် ကစားသမား တစ်ဦးကို ပထမဆုံး စတင် ခေါ်ယူ စာချုပ်ချုပ် လိုက်ကြောင်း သိရသည်။

ရတနာပုံ အသင်းသည် လက်ရှိတွင် နိုင်ငံခြားသား ကစားသမားများနှင့် ညှိနှိုင်းဆဲ ဖြစ်နေသဖြင့် မြန်မာ ကစားသမား များကိုသာ စတင် စာချုပ်ခြင်းဖြစ်သည်။ နိုင်ငံခြားသား ကစားသမားများ အနေဖြင့် မြန်မာလိဂ်တွင် လာကစားရန် အတွက် အလုပ် ပါမစ်ကိစ္စ၊ ဗီဇာကိစ္စ စသဖြင့် အခက်အခဲများစွာ ရှိသဖြင့် အနည်းငယ် ကြန့်ကြာမှုများ ဖြစ်ဖွယ်ရှိနေသည်။ ထို့ကြောင့် ရတနာပုံ အသင်းသည် ၎င်းတို့၏ ပထမဆုံး ခေါ်ယူမှု အနေဖြင့် မြို့တော်စည်ပင် အသင်း ဂိုးသမား မြန်မာ့ လက်ရွေးစင် ဟောင်း ယဉ်မင်းအောင်ကို ပြောင်းရွှေ့ခ (signing Fee) ကျပ် ၁၅ သိန်း၊ လစာ ၅ သိန်းဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ရတနာပုံ အသင်းသည် မူလက ကစားသမား ၉ ဦးကို စာချုပ်ချုပ်ရန် စီစဉ် ထားသော်လည်း ၎င်းတို့၏ သက်ဆိုင်ရာ ၀န်ကြီး ဋ္ဌာနများ၏ ခွင့်ပြုချက် မရရှိသေးသဖြင့် ယဉ်မင်းအောင် ကိုသာ တရားဝင် စာချုပ်ချုပ်ဆို ခေါ်ယူ လိုက်နိုင်ခြင်း ဖြစ်သည်။ စာချုပ် မချုပ် ဖြစ်သေးသော ကျန်ကစားသမား ၈ ဦးတွင် ဘဏ္ဍာအခွန်မှ သူရိန်စိုး၊ ချစ်စမ်းမောင်နှင့် ဖြိုးကိုကိုသန့်တို့ ပါဝင်သည်ဟု သိရသည်။

“ကျွန်တော်တို့ အသင်း နည်းပြနဲ့ နည်းစနစ် ဒါရိုက်တာ တို့က နိုင်ငံခြားသားတွေ ဆိုပေမယ့် မြန်မာ ကစားသမားတွေနဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိပါတယ်။ မြန်မာ ကစားသမား တော်တော် များများကို သိနေပါတယ်။ ပြီးတော့ လေ့ကျင့်ရေးကွင်း တွေမှာလည်း လိုက်ကြည့်ပြီးမှ သဘောကျတဲ့ သူတွေကို ရွေးချယ် ၀ယ်ယူတာပါ။ သူတို့နဲ့ ကစားသမားတွေ ဆက်ဆံရတာ အဆင်ပြေစေဖို့ အတွက် ကြားထဲမှာ လက်ထောက် နည်းပြတွေ ခန့်ထားပေးပါတယ်။ နည်းစနစ် ဒါရိုက်တာက လူငယ် စီမံကိန်း ကိုပါ တာဝန်ယူမှာပါ” ဟု နည်းပြအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးစိုးမိုးလှိုင်က ပြောကြားခဲ့သည်။

ရတနာပုံ FC အသင်း၏ နည်းစနစ် ဒါရိုက်တာသည် ဘယ်လ်ဂျီယံ နိုင်ငံသား ဖြစ်ပြီး ပရီးမီးယားလိဂ်မှ အာဆင်နယ် အကယ်ဒမီတွင် တာဝန် ထမ်းဆောင်ဖူးကာ အာဆင်နယ် လူငယ်အသင်း၏ နည်းပြပင် ဖြစ်ခဲ့ဖူးကြောင်း သိရသည်။

wintersun

Number of posts : 15
Registration date : 2009-03-10

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum