Oversea Myanmar Community
Would you like to react to this message? Create an account in a few clicks or log in to continue.

အနောက်နိုင်ငံများနှင့်သင့်မြတ်ရန် စင်္ကာပူတိုက်တွန်း

Go down

အနောက်နိုင်ငံများနှင့်သင့်မြတ်ရန် စင်္ကာပူတိုက်တွန်း Empty အနောက်နိုင်ငံများနှင့်သင့်မြတ်ရန် စင်္ကာပူတိုက်တွန်း

Post  today_news Thu Mar 19, 2009 6:51 am

အမျိုးသားပြန်လည်သင့်မြတ်ရေး မြှင့်တင်ရန်နှင့် နိုင်ငံတကာ အသိုင်းအ၀န်းနှင့် လက်တွဲလုပ်ကိုင်ရန် မြန်မာစစ် အစိုးရ ဗိုလ်ချုပ်ကြီးများ ရဲရင့်သည့်ခြေလှမ်းများ လှမ်းရန်လိုပြီဟု စင်ကာပူအစိုးရက တိုက်တွန်းလိုက်သည်။

စင်ကာပူနိုင်ငံ ရောက်ရှိနေသည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အား ညစာဖြင့် တည်ခင်းဧည့်ခံရာတွင် အတိုက်အခံနှင့် သင့်မြတ်အောင်လုပ်ပြီး အနောက်နိုင်ငံများနှင့် ဆက်ဆံရန် စင်ကာပူဝန်ကြီးချုပ် လီဆန်လောင်းက ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“အမေရိကန်အစိုးရသစ်က နောက်လာမယ့် (၄) နှစ်သက်တမ်းအတွက် နိုင်ငံခြားရေးပေါ်လစီ မဟာဗျူဟာတွေ ဦးစားပေးရမယ့် ကိစ္စတွေကို ပြင်ဆင်နေပြီး ကမ္ဘာ့အခြေအနေကို ပြန်သုံးသပ်နေတာနဲ့အတူ ကမ္ဘာ့အခင်းအကျင်း တွေ ပြောင်းနေပါပြီ။ ဥရောပကလည်း သူတို့နိုင်ငံခြားရေးပေါ်လစီကို ပြန်သုံးသပ်နေသလို စီးပွားကပ်ဒဏ်သင့်နေ တဲ့ နိုင်ငံတွေကလည်း ကမ္ဘာပေါ်ရှိ အခြားဒေသတွေက နိုင်ငံတွေနဲ့ ဘယ်လို ထိထိရောက်ရောက် ဆက်ဆံရမလဲ ရှာဖွေနေချိန်မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ဆက်ဆံဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှေးရှုတဲ့ ရဲရင့်တဲ့ ခြေလှမ်းတွေ လှမ်းဖို့လိုတဲ့အတွက် ဒီအခြေအနေအခွင့်ကောင်းတွေကို မြန်မာစစ်အစိုးရ ဆုပ်ကိုင်ထားဖို့ မျှော်လင့်ပါတယ်” ဟု လီဆန်လောင်းက ပြောသည်။

ဝန်ကြီးချုပ် သိန်းစိန်သည် အင်ဒိုနီးရှားမှအပြန် စင်ကာပူသို့ (၂) ရက်ကြာ အလည်အပတ်ခရီး ရောက်ရှိနေခြင်း ဖြစ်သည်။

မြန်မာစစ်အစိုးရနှင့် အမေရိကန်-ဥရောပ ဆက်ဆံရေး ပြန်လည်ရှင်သန်ရေးအတွက် စင်ကာပူအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီသွားမည်ဟုလည်း စင်ကာပူဝန်ကြီးချုပ် လီဆန်လောင်းက ဗိုလ်ချုပ်ကြီးသိန်းစိန်အား ပြောသည်။

အမေရိကန်က အာဆီယံအား မြန်မာနိုင်ငံတွင် နိုင်ငံရေးပြောင်းလဲရန် ဖိအားပေးစေလိုသော်လည်း မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုကို စင်ကာပူက ဆန့်ကျင်သည်။ သို့သော် စင်ကာပူသည် မြန်မာဗိုလ်ချုပ်ကြီးများ၏ လျှို့ဝှက် ဘဏ်စာရင်းများ လက်ခံထားသည့် အိမ်ရှင်နိုင်ငံဖြစ်သည်ဟု ရိုက်တာသတင်းက စွပ်စွဲသည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အား ဂုဏ်ပြုသည့်အနေဖြင့် စင်ကာပူ ရုက္ခဗေဒဥယျာဉ်တွင် သစ်ခွကင်ပွန်းတပ်ပွဲ ကျင်းပရာ စင်ကာပူနိုင်ငံသား (၃) ဦးက ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အား ဒေါ်အောင်ဆန်းစုကြည်အတွက် ပန်းစည်းတစည်း လက်ဆောင်ပေးရန် ကြိုးစားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး တောင်းဆိုခဲ့သည်။

သစ်ခွပန်းအား အမျိုးသားပန်းမြတ်အဖြစ် စင်ကာပူနိုင်ငံ၌ အထွတ်အမြတ်ထားသည်။ သစ်ခွကင်ပွန်းတပ်ပွဲ ဆိုသည်မှာ စင်ကာပူသို့ အလည်အပတ် လာရောက်သည့် နိုင်ငံတကာမှ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များအား ဂုဏ်ပြုသည့် အနေဖြင့် သစ်ခွအမည်နောက်တွင် အဆိုပါ ပုဂ္ဂိုလ်များအမည်ကို တပ်ပေးခြင်းဖြစ်သည်။

၂၀၀၄ ခုနှစ်က နာမည်ကျော် အိန္ဒိယ ရုပ်ရှင်မင်းသား အမီတာဘာချမ်း စင်ကာပူရောက်စဉ် ၎င်းအား ဂုဏ်ပြုသည့် အနေဖြင့် Dendrobium သစ်ခွမျိုးစပ်ပန်းကို ကင်ပွန်းတပ်ပွဲလုပ်ရာ ထိုပန်းအမည်မှာ Dendrobium အမီတာဘာချမ်း ဖြစ်သွားသည်။

မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အတွက် ဂုဏ်ပြုသည့် သစ်ခွပန်း မျိုးစိတ်အမည်ကို အတိအကျ မသိရသေးသော်လည်း Dendrobium သာဆိုလျှင် ထိုပန်းအမည်မှာ (Dendrobium) ဒင်ဒရိုဘီယံ သိန်းစိန် ဖြစ်သွားမည်ဟု သစ်ခွကင်ပွန်းတပ်ပွဲ စိတ်ဝင်စားသူတဦးက ရှင်းပြသည်။

today_news

Number of posts : 20
Registration date : 2009-03-16

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum