ဇာတ်လမ်းတိုလေးများ
Page 1 of 1
ဇာတ်လမ်းတိုလေးများ
Gtalk ကိုဖွင့်ပါလို့ အပြတ်ကိုတဲ့ Q လိုက်ရင်
အဲဒီနေ့က သူ ရုံးမှာ အတော်ကို ပျင်းနေတယ်။ အရေးတကြီး လုပ်စရာ အလုပ်ကလည်း မရှိ ရုံးမှာ မန်နေဂျာတွေ အတော်များများက အပြင်သွားနေတော့ လုပ်ချင်တာ လုပ်လို့ရနေတယ်။ အင်တာနက်မှာလည်း ကြည့်စရာ ကုန်သလောက် ရှိပြီ။ အဲဒါနဲ့ Gtalkပေါ်မှာ ဟိုသူငယ်ချင်းကို လှမ်းစလိုက် ဒီသူငယ်ချင်းကို လှမ်းစလိုက်နဲ့ အချိန်ဖြုန်းနေရတယ်။
ရုတ်တရက် ဆိုသလို သူ့ Gtalk ထဲကို နာမည်တစ်ခုက လာပေါင်းတယ်။ အိုင်ဒီက ခပ်ရှည်ရှည်ပါပဲ။ သီရိဘာဆိုလဲ မသိဘူး။ နောက်ဆုံးက ၈၃ နဲ့ ဆုံးတယ်။ အင်း အဲဒီတော့ ကောက်ချက်ဆွဲလို့ ရတာက အဲဒီ အိုင်ဒီ ပိုင်ရှင်သည် မိန်းကလေး။ ၈၃ ဆိုတော့ ၂၅ နှစ်ကျော်ပဲ ရှိဦးမယ် ပေါ့။ မဆိုးပါဘူး။ အပျင်းပြေ စကားပြောရတာပေါ့ ဆိုပြီး လက်ခံလိုက်တယ်။
မကြာခင် ဂျီတော့ခ်ထဲမှာ မီးအစိမ်းလင်း လာပြီး ကောင်မလေး တစ်ယောက် ပုံပေါ်လာတယ်။ အားပါး။ အလန် ကလေးပဲ။ မျက်နှာက မြန်မာနိုင်ငံက မော်ဒယ်လ် တွေလိုပုံစံ။ ကြည့်ရတာ သူတော်ကောင်းကလေး တစ်ယောက် ပျင်းနေတာ သိလို့ နတ်ကောင်းများက စကားပြောဖို့ နတ်သမီးကလေး တစ်ပါး လွှတ်လိုက်တယ် ထင်ပါရဲ့။ ထုံးစံအတိုင်း အပြန်အလှန် Hi ကြပြီးတဲ့နောက်မှာ တော့ သူပထမဆုံး ခြေလှမ်းကို စလိုက်တယ်။
နောက်ကြောင်းရာဇဝင် စစ်ဆေးဖို့ပါ။ သူ့သူငယ်ချင်းထဲမှာ မိန်းကလေးနာမည်နဲ့ အခြားသူငယ်ချင်းတွေ ကို လိုက် ပြီး စားတတ်တဲ့သူ နှစ်ယောက် လောက်ရှိတယ်။ သူတို့ ဟုတ်မဟုတ် ဆိုတာ အရင်ဆုံး စုံစမ်းရမှာပေါ့။ တည့်တိုးနဲ့ အရိုးရှင်းဆုံး မေးခွန်းပါပဲ မေးလိုက်တယ်။ သူ့ အီးမေးလ် လိပ်စာကို ဘယ်က ရသလဲပေါ့။ အဲဒီတော့ ကောင်မလေးက မဆင့် ဖော်ဝပ်လုပ်လိုက်တဲ့ အီးမေးလ်ထဲမှာ တွေ့တာ။ သူက ရန်ကုန်မှာ မဆင့်နဲ့ တစ်ရုံးတည်း အတူတူ အလုပ်လုပ်တာ လို့ ပြန်ပြောတယ်။ အင်း ဒါဆိုရင်တော့ စိတ်ချရသလောက် ရှိပြီ။ သူ့သူငယ်ချင်းတွေ ထဲမှာ သူ့အစ်မဝမ်းကွဲ မဆင့်ကို သိတဲ့သူ အတော်နည်းတယ်။ ဒီကောင်တွေ မဟုတ်လောက်တာ သေချာပါတယ်။
အဲဒီတော့လည်း တတ်သည့်ပညာ မနေသာ ဆိုသလိုပါပဲ။ ကြူ ရတာပေါ့။ အခု ဘာလုပ်နေလဲ ဘာညာကနေ စပြီး သူပြောသမျှ လိုက်နင်းပြီး ပြောရတာပေါ့။ ကောင်မလေး အတော်များများက ကိုယ်ရေးကိုယ်တာ ကိစ္စ မေးခွန်းတွေ မဖြေချင် ကြပါဘူး။ အဲဒီတော့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ရှောင်ပြီး ကျောင်း အကြောင်း အလုပ်အကြောင်း သူပြောသမျှ နောက်ကနေ Water Follow Fish Follow (ရေလိုက်ငါးလိုက်) လိုက်ပြောရပါတယ်။ သူမက ရန်ကုန်မှာ ကွန်ပြူတာ တက္ကသိုလ်က ကျောင်းပြီးထားတဲ့ အကြောင်း၊ သူ့အစ်မဝမ်းကွဲနဲ့ တစ်ရုံးတည်း အလုပ်လုပ်ရင်း ညနေပိုင်း ကွန်ပြူတာ သင်တန်းတွေ လိုက်တက်နေတယ် ဆိုတဲ့ အကြောင်းတွေ ပြောပါတယ်။ နောက်လိုက် ပြောင်လိုက်နဲ့ တော်တော် စိုစိုပြည်ပြည်ပါပဲ။ အင်္ဂလိပ်လို ပြောရတာ အားမရလို့ မြန်မာလို ရိုက်ပြီး ပြောတယ်။ အဲဒီတော့ သူမကလည်း မြန်မာလိုပဲ ရိုက်ပြီး ပြန်ပြောတယ်။
တစ်နာရီလောက် ကြူပြီးတဲ့ နောက်မှာတော့ ကောင်မလေးက သွားစရာရှိတယ် ဘိုင် ဆိုပြီး နှုတ်ဆက် ထွက်သွားပါတယ်။ သူလည်း ခဏ အကြာမှာ ရုံးဆင်းတာနဲ့ အိမ်ပြန်လာခဲ့ပါတယ်။
နောက် ၂ရက် ၃ ရက်လောက်ကြာတော့ သူ အဲဒီကောင်မလေးနဲ့ နောက်တစ်ခေါက် ထပ်တွေ့ပါတယ်။ ကောင်မလေးက အရင်တစ်ခါ လို ဖော်ဖော်ရွေရွေ ပါပဲ။ သူတို့နှစ်ယောက် စကားပြောရတာ ပိုရင်းနှီးသလို ရှိလာပါပြီ။ စကားပြောလို့ ကောင်းနေတုန်းမှာ သူ့ဖုန်းကို မက်ဆေ့ဝင်လာတယ်။ တစ်ခြားသူတော့ မဟုတ်ပါဘူး။ ထုံးစံအတိုင်း သူ့ရည်းစားဆီက ဘာလုပ်နေသလဲ မေးတဲ့ မက်ဆေ့မျိုးပါ။ အင်း စကားပြောရတာ အာရုံနောက် သွားတယ်။ အခု အစည်းအဝေးထဲ ရောက်နေတယ်။ နောက်မှ ပြန်ခေါ်လိုက်မယ် ဆိုပြီး မက်ဆေ့ ပြန်ပို့လိုက်တယ်။ အစည်းအဝေးတော့ အစည်းအဝေးပါပဲ။ အွန်လိုင်းမှာ ကောင်မလေး ချောချောကလေး တစ်ယောက်နဲ့ လုပ်နေတဲ့ အစည်းအဝေးပါ။
အဲဒီကောင်မလေး နဲ့ ကြူလို့ အလွန်ကောင်းပါတယ်။ ကောင်မလေးက စင်ကာပူမှာ အလုပ်လာရှာချင်တဲ့ အကြောင်း၊ ဘယ်လို လုပ်ရမှန်း မသိလို့ အကြံပေးပါဦး ဆိုပြီး သူ့ကို မေးပါတယ်။ သူက စင်ကာပူမှာ ဘယ်လို အလုပ်ရှာရတယ် ဆိုတဲ့ အကြောင်း၊ ဘယ်လို အခြေအနေရှိတယ် ဆိုတဲ့ အကြောင်းတွေ ပြန်ဖြေပေး လိုက်ပါတယ်။ ပြောစရာမလိုတဲ့ အချက်ကတော့ စင်ကာပူ လာချင်ရင် အားလုံး အကူအညီ ပေးပါ့မယ်ပေါ့။ ကိုယ်ဖိရင်ဖိ စောင်မကြည့်ရှုဖို့ အသင့်ပါ ဆိုတဲ့ သဘောမျိုးပါပဲ။
နောက်တော့ ကောင်မလေးက သူ့ကို မေးလာတယ်။ အစ်ကို့မှာ ရည်းစား ရှိသလားတဲ့။ အင်း ဖြေရတာ အလွန်ခက်တဲ့ မေးခွန်းပါပဲ။ ဒီအရွယ်ကြီးမှ ရည်းစား မရှိဘူး ပြောရင်လည်း အတော်တုံးတဲ့ကောင်ဆိုပြီး ထောပနာ အပြုခံရရင် ဒုက္ခ။ ရည်းစားရှိတယ် ပြောပြန်ရင်လည်း ဂွင်ပိတ်သွားမယ်။ အဲဒီတော့ ရည်းစားတော့ ရှိဖူးတယ်။ အခုတော့ သူနဲ့ ပြတ်သွားလို့ ကိုယ့်မှာ တစ်ယောက်တည်း အဖော်မဲ့ နေပါတယ် ဆိုတဲ့ အကြောင်းကို ကောင်မလေးကို သနားလောက်အောင် ပြောပြ လိုက်ရတယ်။ ကောင်မလေးလည်း သူပြောတဲ့ စကားကို ကြားပြီး သနားသွားတဲ့ ပုံပါပဲ။ အစ်ကိုကြီး မှာ အဲဒီလောက်တောင် ကံဆိုးရလေခြင်း ပေါ့။ ခဏ အကြာမှာတော့ ကောင်မလေးက နှုတ်ဆက်ပြီး ထွက်သွားပါတယ်။ သူ့ မှာတော့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်း တစ်ပုဒ်နဲ့ ဟတ်ကော့ကြီး ကျန်နေခဲ့ပါတယ်။
မကြာခင်မှာပဲ တီတီ ဆိုတဲ့ အသံနဲ့ အတူ သူ့ဖုန်းထဲကို မက်ဆေ့ ဝင်လာပြန်ပါတယ်။ ထုံးစံအတိုင်း သူ့ရည်းစားဆီက မက်ဆေ့ပါပဲ။ ရေးထားတာကတော့ ဒီလိုပါ။
"ရှင် ကျွန်မ ကွယ်ရာမှာ ဘယ်လို ခြေလှမ်းတွေ လှမ်းနေသလဲ သိချင်လို့ စုံစမ်းတာ။ သီရိဆိုတာ တစ်ခြားသူ မဟုတ်ဘူး။ ကျွန်မပဲ။ အဲဒီ ဓာတ်ပုံကလည်း မြန်မာနိုင်ငံက မော်ဒယ်လ်တစ်ယောက် ပုံကို Photoshop နဲ့ ပြင်ထားတာ။ အခုတော့ ရှင့်အကြောင်း သိသွားပြီ။ ရှင်ဟာ လူလိမ်ပဲ။ ရည်းစားကြီး ငုတ်တုတ် ရှင့်ဘေးမှာ ရှိရက်နဲ့ ရှင်က မျက်နှာပြောင်ပြောင်နဲ့ လိမ်ရဲတယ်။ ဒီနေ့က စပြီး ရှင်နဲ့ကျွန်မ လုံးဝ အပြတ်ပဲ။ ကျွန်မ ကို နောက်ထပ် မဆက်သွယ်ပါနဲ့။"
သူ့မှာတော့ အဲဒီမက်ဆေ့ကို ဖတ်ပြီး ရီရမလား ငိုရမလား တောင် မသိတော့ပါ။ ဂျီတော့ခ် ထဲမှာ ကိုယ့်ရည်းစားကိုယ် ပြန်ကြူမိတဲ့ အဖြစ်။ သူ့လောက် ဆိုးတဲ့သူ ရှိပါဦးမလား။ အင်း သူကိုယ်တိုင်ကလည်း လွန်တာပါ။ အင်္ဂလိပ်လို ပြောသမျှ ဘန်းစကားက အစ တစ်ခွန်းမကျန် နားလည်နေတာလည်း မရိပ်မိ၊ မြန်မာလို ကျွမ်းကျွမ်းကျင်ကျင် ရိုက်တတ်တာလည်း မရိပ်မိ၊ ပုံမှန်ထက် အလွန်အကျွံ ပိုပြီး လှနေတဲ့ ပုံကို လည်း မရိပ်မိ တစ်ခြား သဲလွန်စတွေကိုလည်း မရိပ်မိ ကိုယ့်ကိုယ်ကို လည်လွန်းတယ် ထင်ပြီး အဲဒီလောက် အတဲ့ကောင် ခံရတာတောင် နည်းသေး ဆိုပြီးတော့ပဲ သူ့ဘာသာသူ အပြစ်တင်မိပါတော့တယ်။
(တိုက်ဆိုင်မှု ရှိလျှင် ခွင့်လွှတ်ပါ။ ဟီးဟီး )
အီမေးမှ တဆင့် လက်ခံရရှိသည်။

ရေခဲအိမ်
အခြားနံရံ တဘက်တွင် နေ့ သည်အမှောင်ရောင် အဆိုးခံရလျှက် ပိန်းပိတ်အောင် မဲနက်နေသည်။
ပြတင်းပေါက်များ သည်လည်းကောင်း မြေနီရောင်လမ်းမ များသည်လည်းကောင်း အိမ်နံရံများ
သည်လည်းကောင်း အမှောင်ကြားတွင် ပြားပြားဝပ်လျက် ..
မီးလုံးဝါ၀ါများသာ ကျမ ဘက်မှာမရှိလျှင် ကျမလည်း အမှောင်အောက်မှာ ထိုင်နေရမှာ ..
လရောင်ဖြူဖြူများ ဖြားကျနေတတ်သော မြန်မာပြည်က ည များက လရောင်တွေတောင်
အခုလောက်ဆို မြောက်ဝန်ရိုးစွန်းမှာများ အေးခဲနေမလား ကျမ မသိနိုင်ပါ ။
ကျမ အသဲနှလုံးကိုတော့ အေးခဲအောင် သို့ မဟုတ် အေးစက်အောင်ကြိုးစားလို့ မရသေး ..
----------------------------------------------------------------------------------------
တစုံတဦးက ကျမအိမ်အပြန်ကို စောင့်မျှော် မနေလျှင် ထိုနေရာသည် အိမ်မဟုတ်
လို့ ကျမယုံကြည်ထားပါသည်။ ဒါသည် တိုင်ခန်း ဒါမဟုတ် အိမ်ခန်းသာ ဖြစ်ရမည် ။
ကျမမှာ အိမ်မရှိခဲ့တာ ၄နှစ် နီးပါးကြာခဲ့ပြီ ။
အခန်းတွေ တခုပြီးတခုပြောင်းရွေ့ လျက် ငှားရမ်းလျှက် ကိုယ်မပိုင်သော နေရာတွေမှာ ကျမနေခဲ့သည် ။
လေးလ တကြိမ် အမေရှိသော အိမ်ကို ကျမပြန်ခဲ့သည် ။ သို့ သော် ဒီတကြိမ်မှာတော့ အရင်လို
ကျမ အိမ်ပြန်ခွင့် လွတ်ကျသွားလေသည်။
လူငယ်တယောက် ရဲ့ မိုက်မဲခြင်းလား မြမိုရ်တောင်ကို ပြစ်ပေါက်ရင်း ကွဲကြေသွားလွင့်စင်သွားသော
ဆီးစိ လေးမှာ ကျမလား ..
ညောင်သီးသာစားရင်း လေးသုံကို နားမစွင့်မိသော ကျမသည် ချီကွေဗား လို လူတန်းစား တရပ်လုံးဧ။်
ရောဂါကို မကုနိုင်သေးခင် အိမ်အလွမ်းရောဂါ စွဲကပ်လျက် မိန်းမောရလေသည် ။
ထိုအချိန်တွင် ချစ်သူနှင့် ကျမ ဆုံရလေသည် ။
သူနှင့် ကျမ ပြောစရာ အနည်းဆုံးအကြောင်းအရာသည် နိုင်ငံရေးဖြစ်သည် ။ သို့ သော် အသိမိတ်ဆွေများ
အကြောင်းပြောမိသောအခါ ကျမက ကျောင်းတုန်းကလေ လို့ အစ ချီလျှက် သူက တော်လှန်ရေးထဲကလေ
ဟု သုံးနှုန်းတတ်လေသည် ။
ကျမတို့ နှစ်ယောက်သည် အစွန်း တဘက်တွင် အတူတကွ ရပ်နေပါလျှက် မျက်နှာခြင်းမဆိုင်ဖြစ်သော
စုံတွဲသာ ဖြစ်လေသည် ။
ကျမတွင် လူသိပ် မသိသော ဘလော့လေးတခုရှိလျှက် သူ့ ထံတွင် ဆန်းကြယ်သော သမိုင်းတခုရှိလေသည်။
သူသည် Pop website များကို ဖတ်လျှက် ကျမ က နိုင်ငံရေး website များကိုသာ အဖတ်များပါသည်။
ကျမသည် မေလတရက် တွင် အိမ်မှ အပြီးတိုင်ခွဲခွာခဲ့ ရလေသည် ။ သူသည် နှစ်ပေါင်းများစွာ
ကတည်းကပင် သူ့ အိမ်ကလေး ပြန်ခွင့်ပျောက်ဆုံးထားလေသည် ။
သစ်ရွက်များ မကြွေခင် နှင်းတို့ မလာခင် ကပျာကယာ တည်ခဲ့သော ကျမတို့ အိမ်ကလေးသည်
သူ့ အတွက် အခန်းလေးတနေရာထက် အဓိပ္ပါယ် မပိုမှန်း ကျမသိပါသည် ။
တခါတရံ ထမင်းအတူစား ချင်သော ကျမနှင့် , တဦးတည်း ရပ်တည်ချင်သော ချစ်သူတို့  လမ်းခုလပ်တွင်
ခလုပ်တိုက်သောအခါနာကြင်ရသူမှာ ကျမသာ ။
တခါတရံ နေရာကျဉ်းလေးကို ရှင်းလင်းချင်သော , လိုသည်ထက်ပို ဂရုစိုက်မိသော
ကျမ နှင့် စိတ်ရှုပ်လာသော အနှောင်အဖွဲ့ များကို မုန်းတီးသော ကျမချစ်သူတို့ သည် ရန်သူ များ ဖြစ်လာ ပြန်သည် ။
အဖြေရှာချင်သော ကျမ , ပြသနာကို မေ့ပျောက်ပြစ်ချင်သော ချစ်သူကို
မေးခွန်းများနှင့် ပြစ်ပေါက် သော အခါ ကျမလိုချင်သော အဖြေကားမရ ….
ဆွဲခါ ကိုင်ဆောင့်ချင် လောကအောင် ကျမဒေါသတို့ ဆူဝေ တတ်လာ သောအခါ လမ်းခွဲမယ်
ပြောတိုင်း တိတ်တဆိတ် တဘက်သို့ လှည့်နေတတ်သော ချစ်သူကို ပွေ့ ဖတ်ခါ ငိုမိတိုင်း ကျမတို့ 
အိမ်ကလေးသည် လှုပ်ရမ်းခါနေသည်ဟု ထင်မိသည် ။
တဘက်သတ် ကျမသတ်မှတ်ထားသော ကျမရဲ့ အိမ် .. ကျမရဲ့ မိသားစုကား ဒဏ်ရာဒဏ်ချက်
လိုအပ်ချက် တို့ ကို ကျမ တဦးတည်း ထားရှိသော အနှောင်အဖွဲ့ များက မကုစားနိုင်ပါ ။
ကြီးမား လှသော အဓိပ္ပါယ်ကို တဦးတည်းထမ်းပိုးရင်း ကျမ လက်ချောင်းတို့ တစစ်စစ်
နာကျင်လာလေသည် ။ အကူအညီတောင်းရန် စကားလုံးကား ပျောက်ဆုံးလျှက် ….
ကျမသာ သည် နေရာမှနေ ခွဲခွာရတော့ မည်ဆိုလျှင် ကျမ မုန်းသော ရေခဲထားသည့်
အစားအသောက်များလို ကျမ နှလုံးသားနှင့်တကွ အိမ်ကလေးကို ရေခဲပြီးထားခဲ့ချင်ပါသည် ။
မနွေးထွေးစေနိုင်တော့သော ကျမလက်များ မေတ္တာများ စိတ်ကူးများ နှင့် ချစ်ခြင်းများကို
မပျောက်ဆုံးနိုင်မည့် နေရာမှာ ထားခဲ့ရင်း လာရာအရပ်ကို အိမ်မက်ဗလာနှင့် ပြန်လှည့်ရန်
ကျမခြေထောက်များကအသင့်ဖြစ်လျှက် ။
သို့ သော် အသဲနှလုံးများကား မအေးခဲနိုင်သေး ။
မလေးမေ
http://malaymaydreams.blogspot.com/ မှရယူပါသည်

သမိုင်းတွင်တော့မည့်အချစ်ဇတ်လမ်းတပုဒ်
အံ့သြဖွယ်အချစ်ဇတ်လမ်းတပုဒ်ကမ္ဘာကိုရိုက်ခတ်သမိုင်းတွင်ရန်စတင်နေပေသည်။ယောကျာင်္းတယောက်..သူ့ထက်အသက်ကြီးတဲ့မိန်းမ
တယောက်အချစ်တခုအတွက်တားမြစ်နယ်မြေမှရုန်းထွက်..နှစ်ဦးထဲကမ္ဘာလေးကိုရာစုနှစ်တ၀က်ကျော်တည်ဆောက်ခဲ့သည်..
!$$နှစ်ယောက်ထဲနဲ့ဒို့ရဲ့တိုင်းပြည်ကို.....တည်ထောင်ကြမယ်.$$
တယောက်အချစ်တခုအတွက်တားမြစ်နယ်မြေမှရုန်းထွက်..နှစ်ဦးထဲကမ္ဘာလေးကိုရာစုနှစ်တ၀က်ကျော်တည်ဆောက်ခဲ့သည်..
!$$နှစ်ယောက်ထဲနဲ့ဒို့ရဲ့တိုင်းပြည်ကို.....တည်ထောင်ကြမယ်.$$
သမိုင်းတွင်တော့မည့်အချစ်ဇတ်လမ်းတပုဒ်
အသက်၇၀အရွယ်တရူတ်အမျိုးသားကြီးဟာသေဆုံးသွားချိန်ထိ၈၀ကျော်ပြီးတောင်ပေါ်ကလှိုင်ဂူထဲက
သူ့ဇနီးတောင်အောက်အလွယ်တကူဆင်းနိုင်အောင်သူ့ရဲ့လက်တွေ
နဲ့လှေခါးထစ်ပေါင်း၆၀၀၀ကျော်ကိုထုဆစ်ခဲ့တယ်....
လွန်ခဲ့တဲ့နှစ်၅၀ကျော်ကလူကောင်းကျင်းဆိုတဲ့၁၉နှစ်အရွယ်ချာတိတ်လေးဟာ၂၉နှစ်အ
ရွယ်မုဆိုးမကလေးအမေဇူချောင်ကွင်းနဲ့မေတ္တာမျှခဲ့ကြတယ်လေ...
ကမ္ဘာကျော်ရှိတ်စပီးယားရဲ့၇ိုမီယိုနဲ့ဂျူးလိယက်ဇတ်လမ်းထက်ပိုမိုဆိုးရွှားစွာလောကကြီး
ကိုရင်ဆိုင်ခဲ့ရတယ်..အဓိကကတော့ဇူချောင်ကွင်းကကလေးအမေဖြစ်နေခဲ့လို့ပဲ.....
အဲဒီအချိန်ကလူတွေရဲ့လက်မခံနိုင်တဲ့စာရိတ္တပိုင်းဆိုင်ရာအယူအဆကတော့အသက်ငယ်ငယ်
ယောကျာင်္းဟာအသက်ကြီးကြီးကလေးအမေကိုနှီးနွယ်မိခြင်းပါတဲ့...
အသိုင်းအ၀ိုင်းရဲ့အတင်းပြောခြင်း..မလေးမစားဆက်ဆံခြင်းတို့ကိုရှောင်ကွင်းဖို့တောင်ပိုင်းမှာ
ရှိတဲ့ကျောင်းကျင်ပြည်နယ်အပိုင်..ချူံကင်နယ်ထဲကတောင်တန်းတခုအပေါ်ကဂူထဲမှာကမ္ဘာလေး
တခုတည်ဆောက်ဖို့ဆုံးဖြတ်လိုက်ကြတယ်....

တောင်ပေါ်မှာသူတို့ရဲ့ဘ၀အစကငရဲတခုလိုကြမ်းတမ်းခဲ့တယ်...စားစရာဆိုလို့မြက်နဲ့သစ်မြစ်
တွေပဲရှိတယ်..သူတို့ဘ၀အတွက်အလင်တန်းလေးတခု..ရေနံဆီမီးခွက်လေးကို"လူ''ကပြုလုပ်နိုင်
ခဲ့တယ်...""ဇူ""ကသူ့ကိုဖက်လှဲပြီးအထပ်ထပ်အခါခါမေးခဲ့တယ်..''မင်းစိတ်ထဲမှာဘယ်လိုခံစားရလဲ"
လူ..ကတော့အေးအေးပဲဖြေခဲ့တယ်..""ဖန်တီးမှုလေးတွေလုပ်နိုင်နေသရွေ့ဒို့ရဲ့ကမ္ဘာလေးတည်တံ့
နေစေရမယ်""
တောင်ပေါ်ရောက်ပြီးနောက်နှစ်မှာပဲ.. လု..ဟာ..ဇူတောင်အောက်ကိုအဆင်ပြေပြေဆင်းနိုင်အောင်
လှေခါးထစ်၆၀၀၀ကျော်ကိုနှစ်၅၀အတွင်းတယောက်ထဲပြုလုပ်ပေးခဲ့တယ်...
ရာစုနှစ်တ၀က်ကျော်ကြာပြီးနောက်၂၀၀၁မှာတောတွင်းစူးစမ်းလေ့လာသူတစုဟာလက်နဲ့
လုပ်ထားတဲ့တောင်လှေခါးထစ်တွေကတဆင့်..လူ..တို့ဇနီးမောင်နှံကိုရှာဖွေတွေ့ရှိခဲ့ကြတယ်..
လူ..တို့မှာစုစုပေါင်းကလေး၇ယောက်ရှိတယ်၊တယောက်ဖြစ်တဲ့..လူမင်စန်းက..အဖေနဲ့အမေဒီလုံခြုံ
တဲ့နေရာလေးမှာတရက်မှမခွဲစတမ်းနေထိုင်သွားကြတယ်..အဖေဟာတောင်လှေခါးထစ်တွေကိုအမေ့
အတွက်ပြုလုပ်ပေးခဲ့ပေမဲ့အမေကတောင်အောက်ကိုဆင်းလေ့ဆင်းထသိပ်မရှိခဲ့ပါဖူး....
ဇနီးမောင်နှံဟာနှစ်၅၀ကျော်ကိုပြီးခဲ့တဲ့အပါတ်ထိငြိမ်းချမ်းစွာနေထိုင်ခဲ့ကြတယ်...၇၂နှစ်ရှိပြီဖြစ်တဲ့လူ..
ဟာတောင်ယာအလုပ်ကိုပဲနေ့စဉ်ရပ်တည်မှုအတွက်သက်မွေးဝမ်းကျောင်းခဲ့တယ်...
သူလက်ပေါ်မှာပဲသေဆုံးသွားတဲ့ခင်ပွန်းသည်အတွက်ဇူဟာကြေကွဲဝမ်းနည်းစွာဆုတောင်းနေခဲ့တယ်.
အချစ်ကြီးချစ်ခဲ့ကြတဲ့စုံတွဲ..သေဆုံးချိန်မှာ..ဇူ့လက်တွေကိုဆုပ်ကိုင်ထားတဲ့..လူ..ရဲ့လက်တွေကို
ဘယ်သူမှဖြေလို့မရခဲ့ကြဖူး...အမဲရောင်အခေါင်းပေါ်မှာခေါင်းတင်ပြီးပါးပြင်ပေါ်စီးကျနေတဲ့မျက်ရည်
တွေနဲ့အထပ်ထပ်အခါခါရည်ရွတ်နေခဲ့တယ်...
..လူ..မင်းကတိပေးခဲ့တယ်လေ..''ဂရုစိုက်ပါ့မယ်..ဇူသေသည်အထိအနားမှတဖွားမှမခွာပါဖူးဆို..
အခုတော့မင်းငါ့ကိုထားခဲ့မယ်ပေါ့..မင်းမရှိပဲ..ငါဘယ်လိုရပ်တည်ရမှာလည်း..လူ..ရယ်...""

၂၀၀၆ခုနှစ်တရုတ်အမျိုးသမီးအပတ်စဉ်မဂ္ဂဇင်းကဂန္ထ၀င်အမြောက်ဆုံးအချစ်ဇာတ်လမ်းဆယ်
ပုဒ်မှာတပုဒ်အဖြစ်ဂုဏ်ပြုခဲ့တယ်...ပြည်နယ်အစိုးရကလည်းအချစ်လှေခါးတွေနဲ့မောင်နှံနေခဲ့
တဲ့လှိုင်ဂူကိုပြတိုက်ပြုလုပ်လိုက်တယ်...
ဒီအချစ်ဇတ်လမ်းလေးဟာပျောက်ကွယ်မသွားတော့ပဲထာဝရတည်ရှိနေတော့မှာအမှန်ပါ...
(ရဲရင့်ဆီလျော်အောင်ပြန်ဆိုသည်။အီးမေးလ်ပို့ပေးသောဂျူလီယာကိုကျေးဇူးတင်ပါသည်။)
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum
|
|