Oversea Myanmar Community
Would you like to react to this message? Create an account in a few clicks or log in to continue.

ကိုရီးယားရှိ မြန်မာအလုပ်သမားများ ၏ လေယာဉ်လက်မှတ်ကိစ္စ

Go down

ကိုရီးယားရှိ မြန်မာအလုပ်သမားများ ၏ လေယာဉ်လက်မှတ်ကိစ္စ Empty ကိုရီးယားရှိ မြန်မာအလုပ်သမားများ ၏ လေယာဉ်လက်မှတ်ကိစ္စ

Post  winlatt Wed Mar 11, 2009 10:29 pm

ဒီအပတ်တနင်္ဂနွေမှာ ဒေဂူးမြို့ရှိ မြန်မာ အလုပ်သမားများကို ဝါသနာ အရင်းခံ၊စေတနာထားကူညီပေးနေသူ မြန်မာလူငယ်တစ်ဦးနဲ့ တွေ့ဆုံ စကားပြောဖြစ်ခဲ့ပါတယ်။ ပြောကြတဲ့အကြောင်းကတော့ မြန်မာပြည် ပြန်ကြတဲ့ အလုပ်သမားတွေ လေယာဉ်လက်မှတ်ကို ရွှေအင်အား (အေဂျင်စီ)မှ တစ်ချိန်က လစာငွေထဲက နုတ်ယူထားခဲ့တော့ လေယာဉ် လက်မှက် ပြန်ရရေး တောင်းယူတဲ့အခါ ဒေါ်လာဈေး တက်လို့ ဆိုပြီး အလုပ်သမားထံမှ ဝမ်တစ်သိန်းခွဲခန့် ထပ်တောင်းနေတဲ့ပြဿနာ အကြောင်းပါဘဲ။အားလုံးသော ရွှေညီအကိုတွေ ဗဟုသုတ ရစေရန် တင်ပြလိုက်ရပါတယ်။

မေး=တစ်ချိန်က မြန်မာအလုပ်သမားတွေကို (ရွှေအင်အား) ကနေ လေယာဉ် လက်မှတ်ဘိုး ဝမ်း(၅)သိန်း လစာငွေထဲက လစဉ် ဖြတ်ယူခဲ့တယ် အခုလေယာဉ်လက်မှတ်တောင်းတော့ ထပ်ပြီးဝမ်တစ်သိန်းခွဲလောက် ပေးရပြန်တယ်ဗျာ။ အဲဒါနဲ့ပတ်သက်ပြီး အကိုသိသလောက် ပြောပါဦး။
ဖြေ=ဟုတ်ပါတယ်။ဟိုအရင်က(ထွန်းဦး) ကတော့ပြန်ခါနီးမှ လုပ်သက် ဆုငွေ (퇴직금)နဲ့အတူ လေယာဉ်လက်မှတ်ဘိုးပါတစ်ပါတည်း တောင်းယူခဲ့တယ်အခု(ရွှေအင်အား) ကတော့ လုပ်ခလစာထဲကဖြတ်ယူ လိုက်ပါတယ်။
မေး=ကျွန်တော့်အမျိုးတစ်ယောက် ပြီးခဲ့တဲ့လကမြန်မာပြည် ပြန်တော့ ဒေါ်လာဈေး အကြောင်းပြပြီှးလေယာဉ်လက်မှတ်ဘိုး ဝမ်တစ်သိန်းခွဲထပ်တောင်းတာ ခံလိုက်ရပါတယ်။ အဲဒီတော့ လေယာဉ် လက်မှတ်ဘိုးက ဝမ်ခြောက်သိန်းခွဲ လောက်ဖြစ်သွားတယ်။ လေယာဉ်လက်မှတ်ဘိုး အမှန် ဘယ်လောက်လဲ သိရင်ပြောပါ။
ဖြေ= ပြီးခဲ့တဲ့ အပတ်က မြန်မာပြည်ပြန်တဲ့အလုပ်သမားတစ်ယောက် ကို TG လေယာဉ်၊(ဘန်ကောက် ပြောင်းစီး) ကို ဝယ်ပေးလိုက်တာ ဝမ်၅သိန်း၃သောင်းပဲ ပေးရပါတယ်။
မေး=သူတို့ဖြတ်ယူခဲ့တဲ့ လေယာဉ်လက်မှတ်ဘိုးငွေကို ကိုယ့်ဖာသာ တောင်းယူလို့ရပါသလား။
ဖြေ=ရပါတယ် 삼성화제 မှာတောင်းယူရပါတယ်။
မေး=ခက်လို့များမတောင်းကြတာလား။မတောင်းတတ်လို့လား။နည်းလမ်း မသိလို့လား၊အကို ဘယ်လိုထင်လဲ။
ဖြေ=နည်းလမ်းမသိတာလဲဖြစ်နိုင်ပါတယ်။“မျက်ဖြူဆိုက်လေ-ဆရာကြိုက်လေ” စကားပုံလဲရှိတယ်။တစ်ခုခုတော့မှန်မှာပါ။
မေး=ကောင်းပြီ၊ကိုယ်တိုင်တောင်းယူနည်းလေး မျှဝေပေးပါလားဗျာ။
ဖြေ=ကိုရီးယားမှာရောက်နေတဲ့ ကိုယ့်မြန်မာလူမျိုးအချင်းချင်း ယိုင်းပင်း ကူညီချင်စိတ်ရှိသူ တော်တော်များများရှိပါတယ်။တစ်ခုရှိတာက ထစ်ခနဲ ဟေ့ဆို အေဂျင်စီ တစ်ခုထဲ ကိုပဲ ယုံမှတ်အားကိုးနေရင်တော့ တစ်သက်လုံး လုပ်စားခံနေရမှာပါပဲ။ အခကြေးငွေမယူပဲ ကူညီနေတဲ့ အဖွဲ့အစည်းတွေကိုချည်းကပ်တတ်ဖို့ မျက်စိဖွင့်နားဖွင့်ကြပါလို့ ဦးစွာပြောချင်ပါတယ်။ကိုယ်တိုင်တောင်းယူနည်းက မခက်ပါဘူး။ဒီလိုပါ-


(၁) မိမိပိုက်ဆံဖြင့်အရင်ဆုံးလေယာဉ်လက်မှတ်ဝယ်ထားရပါမယ်။

(၂) 고용지원센터 (အလုပ်သမားရုံး)
အနီးဆုံးမြို့နယ်မှာရှိသော အလုပ်သမားရုံးကိုသွားပြီး တီကဒ်+နိုင်ငံကူး လက်မှတ်+လေယာဉ်လက်မှတ် ပြပြီး ထွက်ခွာခွင့်မှန်ကန်ကြောင်းထောက်ခံစာ ရယူပါ။
ပြောရမဲ့စကားက “출국예정 확인서 해주세요.”

(၃) 삼성화제 ကို အလုပ်သမားရုံးကထောက်ခံစာ(출국예정사실 확인서) + 통장 (Bank account number) copy ပို့ပေးပါ။

(၄)ဖုန်းခေါ်ပြီး စာရွက်ရောက်မရောက် မေးပါ။
ဖုန်း 02-2119-2400
ဖက်စ် 02-755-2149
ရောက်ပြီဆိုရင် နောက်နေ့ ကိုယ့် Bank account ထဲကိုငွေရောက်လာပါလိမ့်မယ်။
ကဲ ဘာမှမခက်တဲ့ ကိစ္စကို လွယ်ကူစွာ ဆောင်ရွက်နိုင်ရေး သတင်းပေး လိုက်ပါတယ်။ရွှေမြန်မာအပေါင်း “လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်း ကြပါစေ”
“ http://winnlatt.blogspot.com ” မှာလည်းဖတ်လို့ရပါတယ်

winlatt

Number of posts : 1
Registration date : 2009-03-11

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum