Oversea Myanmar Community
Would you like to react to this message? Create an account in a few clicks or log in to continue.

မြန်မာအင်တာနက် ယခုထက်ပိုပြီး နှေးမည် - မြန်မာတယ်လီပို့က ထုတ်ြပန်

Go down

မြန်မာအင်တာနက် ယခုထက်ပိုပြီး နှေးမည်  - မြန်မာတယ်လီပို့က ထုတ်ြပန် Empty မြန်မာအင်တာနက် ယခုထက်ပိုပြီး နှေးမည် - မြန်မာတယ်လီပို့က ထုတ်ြပန်

Post  baganland Sun Mar 22, 2009 9:20 am

ယမန်နေ့နေ့စွဲဖြင့် မြန်မာအင်တာနက် ဆက်သွယ်ရေးတာဝန်ခံ အဖွဲ့အစည်းဖြစ်သော မြန်မာတယ်လီပို့က ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျား - International Internet Backbone Fiber Optic Cable ဖြစ်သော SEA-ME-WE3 အား ပြုပြင်မှုကို ၂၀၀၉ ခုနှစ်၊ မတ်လ (၂၁) ရက်တွင် စတင်မည်ဖြစ်ပြီး (၂၅) ရက်နေ့ခန့်တွင် ပြီးစီးမည်ဖြစ်ပါသည်။ ယင်းကာလအတွင်း အရန်ဆက်ကြောင်းဖြင့်သာ ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်ပါသဖြင့် Internet နှင့် E-mail သုံးစွဲမှုများ နှေးကွေးသွားစေမည်ဖြစ်ပါသည်။

အရေးပါသော လုပ်ငန်းများအတွက် E-mail များ အတတ်နိုင်ဆုံး ဆက်သွယ်မှု ရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၅) ရက်ခန့်ကာလအတွင်း သည်းခံ သုံးစွဲပေးပါရန် အသိပေး မေတ္တာရပ်ခံအပ်ပါသည်။ (မြန်မာ တယ်လီပို့)

ကုမ္ပဏီဝန်ထမ်းတစ်ဦးက - “အရင်က ဒီကြေညာချက်ထုတ်ပြီးတော့ဗျာ … ဘာဖြစ်လို့လဲ မသိဘူး၊ ဒီနေ့ တော်တော်ကောင်းတယ်ဗျာ။ အရင်နေ့တွေက မကောင်းဘူး …” ဟု ပြောသည်။

နောက် ကုမ္ပဏီဝန်ထမ်းတဦးမှ ဆက်လက်၍ “ သိပ်မထူးဘူးဗျ။ ကျနော်က ဖရီးဒန်း အမြဲသုံးနေတော့ သူတို့လုပ်တာ မသိတော့ဘူး။ ကော်နက်ရှင်ကတော့ အခု ပုံမှန်ပဲ …” ဟု ပြောသည်။

baganland

Number of posts : 41
Location : Singapore
Registration date : 2009-03-11

http://www.baganland.co.cc

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum