သတိရခြင်း...
2 posters
Oversea Myanmar Community :: Oversea Myanmar Community :: Myanmar Community Library :: ကဗျာ နှင့် ခံစားမှုစာစုများ
Page 1 of 1
သတိရခြင်း...
အချိန်တွေကုန်တာ အရမ်းမြန်တယ်ဆိုတာကို ကျမထောက်ခံပါတယ် ….. ဒါပေမဲ့ သေသောသူကြာရင်မေ့ ပျောက်သောသူ ရှာရင်တွေ့ ဆိုတာကို တော့ ကျမ လက်မခံနိုင်ဘူး…. သူများတွေအတွက် .. ၄နှစ်ဆိုတဲ့ အချိန်က ကြာချင်ကြာပေမဲ့ ကျမအတွက် တော့မျက်စိ တစ်မှိတ် လေးပါပဲ မနေ့တစ်နေ့တုန်းကလိုပါပဲ …. အခု ဇူလိုင်လ ဆိုရင် … သူကျမရဲ့ ဘ၀ထဲ ကနေ ပျောက်ကွယ်သွား တာ ၅ နှစ်တင်းတင်း ပြည့်ခဲ့ပြီ …
သူ ကျမကို ရက်ရက်စက်စက် လောကရဲ့ အလယ်မှာ စိတ်ချစွာ ထားသွားခဲ့တယ် …. အရင်တုန်းက ဆိုရင် ဘယ်ကိုသွားသွား စိတ်မချနိုင်တဲ့သူက အခုတော့ သူစိတ်မချလဲ ကျမကိုထားသွားခဲ့ရတယ် …. အဲဒီအရင်တုန်းကျ အချိန်တွေကို စဉ်းစားမိတိုင်း ကျမရဲ့ ကျန်ရှိတဲ့ဘ၀ကို ကုန်လွန်ဖို့ ခွန်အားသစ်တွေပေးသလို ကျမရင်ထဲက ဘ၀အမောတွေ ရင်ထဲက သောကတွေလျော့ပါးသွားသလို သူကိုလဲ ပို ပိုပြီးသတိရတယ် ….
သူ တကယ်မတရားဘူး တကယ် ကျမကိုမချစ်ဘူး … သူ ကျတော့ တကယ်အေးချမ်း စွာနဲ့ သောက ကင်းကင်း နေ … နေချိန်မှာ ကျမ ကို တစ်ယောက်ထဲ ထားသွားတယ်…. ကျမ ဘယ်လိုအင်အားမျိုးနဲ့ ရှေ့ဆက်လျှောက်ရမှာလဲ .. ကျမ ပင်ပန်းလှပြီ … ကျမ ပင်ပန်းလွန်းလို့ … နားခိုစရာ .. ကျမ အားကိုးစရာ … လက်တစ်စုံ ပျောက်ကွယ်သွား တာ ကျမ အတွက် …တကယ့်ကို ကြီးမားတဲ့ မဟာဆုံးရှုံးမှုဆိုရင် မမှားဘူး …
တကယ်လို့များ အချိန်တွေကိုနောက်ပြန်ဆုတ်လို့ရရင် …. တကယ်လို့များ ဒီလိုမျိုး ကြေကွဲစွာ ခွဲခွာရခြင်းမျိုးတွေ ကို တွေ့ကြုံရမယ် ဆိုတာ ကြိုပြီး သိခဲ့ရရင် … တကယ်လို့များ …နောက်ထပ်ရွေးချယ်မှုမျိုးပေးလာပြီ ..ရွေးချယ် ခွင့်တွေ ရှိခဲ့တယ် ဆိုရင်တောင်မှ ကျမ သူကိုပဲ ထပ်ပြီး ရွေးချယ်မှာပဲ …. ဒါဟာ မိုက်မဲမှုမဟုတ်ဘူး ..သူကို မပေးခဲ့ရတဲ့ လက်ဆောင်လေးတွေ … မပြောဖြစ်ခဲ့တဲ့ ကျမရင်ထဲက စကားတွေကိုပြောပြချင်တယ် .

dimple- Number of posts : 9
Age : 65
Registration date : 2009-03-11
Re: သတိရခြင်း...
အင်း... အဲဒါကြောင့် အတ္တကြီးတယ်ပဲပြောပြော.. ကိုယ်ချစ်တဲ့ သူထက် ကိုယ်ပဲ အရင် သေချင်တယ်.. မခံစားနိုင်လို့... ဒါပေမဲ့လဲ.. တကယ်တွေ့ကြုံရင်တော့လဲ ရင်ဆိုင်ရမှာပဲ.. မပြောဖြစ်ခဲ့တဲ့ စကားတွေကို သူခုချိန်လောက်ဆို သိပြီးလောက်ပြီဖြစ်မှာပါ...
mabaydar- Number of posts : 28
Registration date : 2009-03-09
Similar topics
» ရတနာပုံ F.C အသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းနှင့် တွေ့ဆုံခြင်း
» ယိုးဒယား၌စကောလားရှစ်လျှောက်ခြင်း
» သွားမယ်ကနေဒါကို
» ဒုက္ခသည်အတုနည်းဖြင့် အမေရိကန်သို့ နောက်ဆုံးပေါ် လူကုန်ကူးခြင်း
» ယိုးဒယား၌စကောလားရှစ်လျှောက်ခြင်း
» သွားမယ်ကနေဒါကို
» ဒုက္ခသည်အတုနည်းဖြင့် အမေရိကန်သို့ နောက်ဆုံးပေါ် လူကုန်ကူးခြင်း
Oversea Myanmar Community :: Oversea Myanmar Community :: Myanmar Community Library :: ကဗျာ နှင့် ခံစားမှုစာစုများ
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum
|
|