Oversea Myanmar Community
Would you like to react to this message? Create an account in a few clicks or log in to continue.

မေလတွင် ကျင်းပမည့် မြန်မာ နေရှင်နယ်လိဂ်နှင့် ပတ်သတ်၍ အကြမ်းဖျင်း အချက်အလက်များ ထုတ်ပြန်

Go down

မေလတွင် ကျင်းပမည့် မြန်မာ နေရှင်နယ်လိဂ်နှင့် ပတ်သတ်၍ အကြမ်းဖျင်း အချက်အလက်များ ထုတ်ပြန် Empty မေလတွင် ကျင်းပမည့် မြန်မာ နေရှင်နယ်လိဂ်နှင့် ပတ်သတ်၍ အကြမ်းဖျင်း အချက်အလက်များ ထုတ်ပြန်

Post  wintersun Sun Mar 22, 2009 12:35 pm

လာမည့် မေလအတွင်းတွင် စတင် ကျင်းပတော့မည် ဖြစ်သော မြန်မာ နေရှင်နယ်လိဂ်နှင့် ပတ်သတ်၍ အကြမ်းဖျင်း အချက် အလက်အချို့ကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက် များအရ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲကို ယခင်က ကြေညာ ထားသကဲ့သို့ ရှုံးထွက်ဖလား ပုံစံဖြင့် စတင်မည် မဟုတ်ဘဲ အမှတ်ပေး လိဂ်ပုံစံဖြင့် စတင်မည်ဟု သိရသည်။ သို့ရာတွင် ထိုလိဂ်ပြိုင်ပွဲကို အသင်းများ အခြေစိုက်ရာ မြို့များတွင် ယှဉ်ပြိုင်စေမည် မဟုတ်သေးဘဲ ရန်ကုန်မြို့ရှိ အောင်ဆန်းကွင်းနှင့် သုဝဏ္ဏကွင်းတွင်သာ ကျင်းပသွားမည် ဟု သိရသည်။ ပထမ အကျော့ကို ရန်ကုန်မြို့၌ ကျင်းပပြီးမှ ဒုတိယ အကျော့ကို မန္တလေး သို့မဟုတ် တောင်ကြီးတွင် ကျင်းပ သွားမည်ဖြစ်သည်။

“အရင်က စီစဉ်ထားတာက အထက် မြန်မာပြည် လေးသင်း တစ်အုပ်စု၊ အောက် မြန်မာပြည်မှာ လေးသင်း တစ်အုပ်စု ဖွဲ့ပြီးတော့ ပတ်လည် ကစားခိုင်းမယ်။ အုပ်စုပထမနဲ့ တက်လာတဲ့ အသင်း နှစ်သင်းကို အိမ်ကွင်း အဝေးကွင်း ကစားခိုင်းမယ် ပေါ့။ ဒါပေမယ့် အခု ပြန်ပြီး စဉ်းစားကြည့်တော့ ဘောလုံးသမားတွေကို တစ်လ လစာအများကြီး ပေးထားရပြီး ပွဲနည်းနည်း လေးပဲ ကန်ဖြစ်ရင် သိပ်မဟုတ်သေးဘူး။ ဘောလုံးသမား တစ်ယောက်ဟာ တစ်နှစ်လုံး လေ့ကျင့်ခန်း ဆင်းနေပေမယ့် ပွဲတစ်ပွဲမှ မကစားရရင် ခြေစွမ်း တက်လာမှာ မဟုတ်ဘူး။ ဒါကြောင့် ခုလို အမှတ်ပေးပွဲ ဖြစ်အောင် ဥက္ကဋ္ဌကြီးက စီစဉ် လိုက်တာပါ” ဟု ဘောလုံး အဖွဲ့ချုပ်၏ မီဒီယာ ဒါရိုက်တာ ဦးစိုးမိုး (IBC) ကပြောကြားခဲ့သည်။

အဆိုပါ ပွဲစဉ်များတွင် ကွင်းဝင်ကြေး အဖြစ် ရိုးရိုးတန်း ၅၀၀ ကျပ်နှင့် အထူးတန်း ၁၀၀၀ ကျပ်ဟူ၍ အကြမ်းဖျင်း သတ်မှတ် ထားပြီး အင်္ဂါ၊ ကြာသပတေး၊ စနေ၊ တနင်္ဂနွေ တစ်ပတ်လျှင် လေးပွဲနှုန်းဖြင့် ကျင်းပသွားရန် စီစဉ်လျက် ရှိသည်ဟု သိရ သည်။ အဆိုပါ ပွဲစဉ်များကို ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့် ပြသနိုင်ရန်အတွက် MFF မှ ဆွေးနွေ ညှိနှိုင်းမှုများ ပြုလုပ်နေပြီး ကွင်းတွင်း လာရောက် ကြည့်ရှုသည့် ပရိသတ်များ အတွက်လည်း အထူး အစီအစဉ်များ စီစဉ် ပေးထားသည်ဟု သိရသည်။

ထို့ပြင် စပွန်ဆာများ ရှိလာပါကလည်း အင်္ဂလန်မှ ကာလင်းဖလား ပုံစံမျိုး စပွန်ဆာ ကုမ္ပဏီနာမည်ဖြင့် ဖလားပြိုင်ပွဲများ ကျင်းပပေးမည်ဟု သိရသည်။

wintersun

Number of posts : 15
Registration date : 2009-03-10

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum