Oversea Myanmar Community
Would you like to react to this message? Create an account in a few clicks or log in to continue.

စည်းကမ်းတကျ ဆင်းရဲကြဟု ရုပ်ရှင်ဥက္ကဌ တိုက်တွန်း

Go down

စည်းကမ်းတကျ ဆင်းရဲကြဟု ရုပ်ရှင်ဥက္ကဌ တိုက်တွန်း Empty စည်းကမ်းတကျ ဆင်းရဲကြဟု ရုပ်ရှင်ဥက္ကဌ တိုက်တွန်း

Post  baganland Fri Mar 13, 2009 9:19 pm

မြန်မာ့ရုပ်ရှင်၊ ဗီဒီယိုများ ရိုက်ကူးရာတွင် ဆင်းရဲသား ဇာတ်ဝင်ခန်းများ ထည့်သွင်းရိုက်ကူးခြင်း မပြုရန် ထုတ်လုပ်သူများအား သတိပေးသည်ဟူသည့် ကိစ္စရပ်နှင့် ပတ်သက်၍ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဥက္ကဌ ဦးမြင့်သိန်းဖေက ရှင်းလင်း ပြောကြားခဲ့သည်ဟု ယခုတပတ်ထုတ် ဖလားဝါးနယူးစ် ဂျာနယ်တွင် ရေးသားထားသည်။

“ကောလာဟလစကားတွေ ထွက်ပေါ်နေတာပါ။ ရုပ်ရှင်ဖြစ်ဖြစ်၊ ဗီဒီယိုဖြစ်ဖြစ် ကျရာ ဇာတ်ရုပ်ကို သဘာဝကျပြီး ပီပြင်အောင်ရိုက်ရမှာပါ။ ဆင်းရဲသား ဇာတ်ဝင်ခန်း မရိုက်ရဘူးလို့ တားမြစ်ထားတာမျိုး မရှိပါဘူး” ဟု ဦးမြင့်သိန်းဖေက ၎င်းဂျာနယ်ကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရုပ်ရှင်ဒါရိုက်တာ တဦးကမူ ရိုက်ကူးမည့် ဇာတ်လမ်းကို ဆင်ဆာအဖွဲ့သို့ တင်သည့်အခါ ဆင်းရဲသား ဇာတ်ဝင်ခန်းများ ပါပါက ဖြတ်တောက်ခြင်းပြုသည်ဟု ပြောပြသည်။
ဦးမြင့်သိန်းဖေက ဖလားဝါးနယူးစ် ဂျာနယ်ကို “လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က ရိုက်ကူးခဲ့တဲ့ ကျေးလက်၊ မြို့ပြလူနေမှု စရိုက်လက္ခဏာတွေကို အခုခေတ်မှာ ရိုက်ကူးတဲ့ ရုပ်ရှင် ဗီဒီယိုတွေမှာ ထည့်ရိုက်ရင် သဘာဝ မကျဘဲဖြစ်နေမှာပါ။ ဒါကြောင့် ပြန်ကြားရေးဝန်ကြီးဌာန တာဝန် ရှိသူတွေက ထုတ်လုပ်သူ၊ ဇာတ်ညွှန်ရေး ဆရာတွေကို ခေတ်စနစ်နဲ့အညီပဲ ရိုက်သင့်တယ် ဆိုပြီး အသိပေးတာပါ” ဟု ပြောထားကြောင်း တွေ့ရသည်။

မြန်မာ့ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားများ ရိုက်ကူးရာတွင် ဇာတ်လမ်းသဘောအရ ဆင်းရဲသော ဇာတ်ဝင်ခန်းများ၊ ဆင်းရဲသား ရပ်ကွက်များကို ဖော်ပြ ရိုက်ကူးခြင်း မပြုရန်နှင့် မဖြစ်မနေ ထည့်သွင်း ရိုက်ကူးခဲ့ရပါကလည်း အတိအကျ လိုက်နာရမည့် အချက်များကို သက်ဆိုင်ရာက မြန်မာ့ရုပ်ရှင် အစည်းအရုံးမှတဆင့် ညွှန်ကြားချက် များ ထုတ်ပြန်ထား ကြောင်း ရုပ်ရှင်အသိုင်းအဝန်းမှ ကြားသိရသည်။

ပြည်ပသတင်းမီဒီယာများက ၎င်းသတင်းနှင့် ပတ်သက်၍ ဝေဖန် ပြောကြားနေကြသောကြောင့် ဦးမြင့်သိန်းဖေ အနေနှင့် ယခုကဲ့သို့ ရှင်းလင်းပြောကြားခြင်း ဖြစ်နိုင်ကြောင်း သတင်းအယ်ဒီတာ တဦးက သုံးသပ်သည်။

“ဒါပေမယ့် သတင်းတွေ ထွက်လာပြီး ဟားစရာကြီးဖြစ်သွားတော့မှ ခုလိုလျှောက်ပြောတာ” ဟု သူက ပြောသည်။

၂၀၀၇ ခုနှစ်က ရိုက်ကူး ရုံတင်ခဲ့သော ဇာတ်ကားကြီး ၁၀ ကားတွင် ၆ ကားမှာ ဟာသကားများဖြစ်ပြီး ဇာတ်လမ်း အသားပေး ဒရာမာ ၄ ကားသာ ပါရှိခဲ့သည်။ ထိုအထဲမှ ၂ ကားကိုသာ အကယ်ဒမီပေးခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် လည်း ဟာသဇာတ်ကားများသာ များပြားခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ပိုများနိုင်သည်ဟု ရုပ်ရှင် ထုတ်လုပ်သူ တဦးက သုံးသပ်သည်။

“ဒရာမာတွေကို ဘယ်သူမှ မရိုက်ချင်တော့ဘူး။ ပင်ပမ်းတာရယ်၊ ဆင်ဆာထိတာရယ်နဲ့ မကာမိဘူး။ ပြီးတော့ လူမကြည့်ဘူး။ ဟာသကားက ဆင်ဆာလည်းလွတ်နိုင်တယ် လူကြည့်လည်းများတယ်” ဟု သူကပြောသည်။

မြန်မာပြည်သူ အများစုမှာ ရုပ်ရှင်ရုံကြီးများတွင် သွားကြည့်ကြခြင်းထက် ရုပ်မြင်သံကြားက ထုတ်လွှင့်သော ကိုရီးယားနှင့် တရုတ် ဇာတ်လမ်းတွဲများကိုသာ အားပေးကြကြောင်း ကြားသိရသည်။

“ကိုရီးယားကားတွေမှာဆိုရင် ဆင်းရဲတာတောင် ရေခဲသေတ္တာနဲ့၊ အဝတ်လျှော်စက်နဲ့၊ အိမ်ကလည်း သန့်ပြန့်နေတာပဲ ဆိုတော့ မြန်မာကားတွေမှာလဲ အဲလို ဆင်းရဲစေချင်ပုံရတယ်၊ အဲလိုဆင်းရဲရင်တော့ ဘယ်လိုမှ သဘာဝ ကျမှာ မဟုတ်ဘူး” ဟု ရန်ကုန်အခြေစိုက် ရုပ်ရှင်၊ ဂီတသတင်းများ အသားပေးဖော်ပြသော ဂျာနယ်တစောင်၏ အယ်ဒီတာ တဦးကပြောသည်။

ဆက်လက်၍ ၎င်းက လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကထက် ယခု မြန်မာနိုင်ငံ၏ ကျေးလက်မြို့ပြ လူနေမှု စရိုက်မှာ ပိုမို ဆင်းရဲ နုံခြာနေသောကြောင့် ဦးမြင့်သိန်းဖေ၏ စကားအတိုင်း “ခေတ်စနစ်နှင့် အညီ” ရိုက်ကူးမည်ဆိုပါက သေချာပေါက် ဆင်ဆာဖြတ်ခံရမည်ဖြစ်ကြောင်း ပြောဆိုသည်။

[Source: ဧရာဝတီ]

baganland

Number of posts : 41
Location : Singapore
Registration date : 2009-03-11

http://www.baganland.co.cc

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum