Oversea Myanmar Community
Would you like to react to this message? Create an account in a few clicks or log in to continue.

မိန်းခလေး တို့အတွက် အခွင့်အရေးဆိုတာ ...

2 posters

Go down

မိန်းခလေး တို့အတွက် အခွင့်အရေးဆိုတာ ... Empty မိန်းခလေး တို့အတွက် အခွင့်အရေးဆိုတာ ...

Post  dimple Wed Mar 11, 2009 5:07 pm

အမျိုးသားလေးတို့တွေရေ မင်းတို့ရဲ့ရင် ထဲက
အမှန်တကယ် မြတ်နိုးပြီး ချစ်ကြိုက်တယ်ဆိုရင် တွေဝေမနေပဲ အမြန်ဆုံးပဲ
ကိုမြတ်နိုးတဲ့ မိန်းကလေးကို ဖွင့်ပြောဖို့ တိုက်တွန်းချင်ပါတယ်။
ဘာလို့လဲဆိုတော့ မိန်းကလေးတွေက အချစ်နဲ့ပတ်သတ်လာရင် အလွန်ပဲ အခွင့်အရေး နဲပါးလှပါတယ်။
ရွေးချယ်ခွင့်လဲမရှိကြဘူးလေ။
ချစ်တဲ့ အကြောင်းကိုလဲ ကိုယ့်ဘက်က စပြီး ဖွင့်ဟ တောင်းခံခွင့် မရှိကြဘူးလေ။
သူတို့ချစ်တဲ့ အမျိုးသားတွေက ချဉ်းကပ်ပြီး ဖွင့်ဟ တောင်းခံလာခြင်းသည်သာ သူတို့အတွက် အခွင့်အရေး တစ်ခု ပဲလေ။
အဲဒါကြောင့်
ပညတ်ချက်တွေ၊ ရိုးရာဓလေ့ထုံးတမ်း တွေနဲ့ နှောင်ဖွဲ့ခြင်းခံရတဲ့
မိန်းခလေးတွေက သူတို့ကိုမြတ်နိုးတဲ့၊ သူတို့ကလဲချစ်တဲ့ အမျိုးသားရဲ့
နှုတ်က ဖွင့်ဟပြီး အချစ်ကို တောင်းခံလာမှာကို စောင့်မျှော်နေရပါတယ်။
မင်းတို့က မျက်လုံးကနေ စကားပြောရုံ ချစ်ရိပ်တွေကိုပြရုံနဲ့ မလုံလောက်ဘူးနော်၊
မင်းတို့နှုတ်ကဖွင့်ဟတောင်းခံလာမှာကို စောင့်မျှော်နေရတာ.. အဲဒီလို စောင့်မျှော်နေရတာ ရင်မောလှပါတယ်။
နဲနဲပါးပါးကိုယ်ချင်းစာကြည့်ဖို့ကောင်းပါတယ်။
အဲဒီလို အမျိုးသားတွေ ဘက်က ဖွင့်ပြောဖို့ အခွင့်အရေးရှိပါ လျက်နဲ့ ဖွင့်မပြောခဲ့လို့
နှစ်ဦးနှစ်ဘက် ချစ်ရဲ့နဲ့ အချစ်တွေကို ရင်ထဲမှာ သိမ်းဆည်းရင်းဝေးနေရသူတွေ အများကြီး အများကြီးရှိတယ် ဆိုတာကို သိစေချင်တယ် ။
ဒါကြောင့် ကျမ ဆုတောင်းပါတယ် … ချစ်သူတွေအားလုံး ဆုံဆည်းနိုင်ကြပါစေလို့ ..
ကျမ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းမိပါတယ် ….။
ဘာလို့လဲ ဆိုတော့ ကျမ ကိုယ်တိုင်ကလဲ အဲဒီလို အဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့မိတယ် လို့ထင်ရပါတယ် Sad

P.S(ကျမရဲ့ ဒီ post လေးကို ဖတ်မိတဲ့သူတွေ … ကျမ ကို comment လေးတစ်ခုတော့ ပေးခဲ့စေချင်တယ် … ဘယ်သူမဆိုပါ )
dimple
dimple

Number of posts : 9
Age : 65
Registration date : 2009-03-11

Back to top Go down

မိန်းခလေး တို့အတွက် အခွင့်အရေးဆိုတာ ... Empty Re: မိန်းခလေး တို့အတွက် အခွင့်အရေးဆိုတာ ...

Post  mabaydar Tue Mar 17, 2009 12:52 am

ဒါပေမဲ့လဲ တကယ်မချစ်ပဲနဲ့ ပါးစပ်က အားတိုင်းလိုက်လိုက်ပြောနေတဲ့ ယောကျာင်္းတွေလဲ ခပ်များများပါ...
တကယ်ချစ်တာသေချာတယ်ဆိုရင်တော့ ဖွင့်ပြောသင့်တာပေါ့.. ဖွင့်ပြောမယ်လို့လဲ ထင်တာပဲ..
မိန်းကလေးကလဲ သူ့ကို ကြည်ဖြူတယ်ဆိုတဲ့ အရိပ်အယောင်တွေ ကောင်းကောင်းပြနိုင်ရင် ဖွင့်ပြောမှာပါ... ဖွင့်မပြောတော့လဲ သူနဲ့ မထိုက်လို့ပဲ မှတ်လိုက်ပေါ့ကွယ်...
mabaydar
mabaydar

Number of posts : 28
Registration date : 2009-03-09

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum