Oversea Myanmar Community
Would you like to react to this message? Create an account in a few clicks or log in to continue.

မကြားချင်ပါ

Go down

မကြားချင်ပါ Empty မကြားချင်ပါ

Post  dimple Thu Mar 12, 2009 3:28 pm

ချစ်ရသူရေ…
မင်းရဲ့ ကြင်နာမှုတွေ ပြည့်လျှံနေတဲ့
မျက်ဝန်းညိုညိုတွေကို
နောက်ထပ် မဆုံရတော့ဘူးဆိုရင်လဲ
တို့ခံနိုင်ရည်ရှိပါတယ်…

ချစ်ရသူရေ…
မင်းရဲ့ ချိုသာနှုးညံ့မှုတွေ ပျော်ဝင်နေတဲ့
စကားချိုချိုတွေကို
နောက်ထပ်မကြားရတော့ဘူးဆိုရင်လဲ
တို့ခံနိုင်ရည်ရှိပါတယ်…

ချစ်ရသူရေ…
မင်းရဲ့ တန်ဖိုးထားမြတ်နိုးခြင်းတွေနဲ့
အလေးထားဂရုစိုက်မှုတွေကို
နောက်ထပ် မရရှိတော့ဘူးဆိုရင်လဲ
တို့ခံနိုင်ရည်ရှိပါတယ်…

ဒါပေမဲ့ … ချစ်ရသူရေ…
မင်းရဲ့ မျက်ဝန်းစိမ်းစိမ်းတွေ ဆင်မြန်းရင်း
`ကိုယ်မင်းကိုမချစ်ခဲ့ဘူး၊ ကိုယ်မင်းကိုမချစ်တော့ဘူး´လို့တော့
ပြောလာမဲ့ မင်းရဲ့စကားတွေအတွက်
တို့ခံနိုင်ရည်မရှိဘူး ဆိုတာ ..မင်းသိပါစေ
dimple
dimple

Number of posts : 9
Age : 65
Registration date : 2009-03-11

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum