Oversea Myanmar Community
Would you like to react to this message? Create an account in a few clicks or log in to continue.

ဘ၀ရဲ့ လက်တွဲဖော်

Go down

ဘ၀ရဲ့ လက်တွဲဖော် Empty ဘ၀ရဲ့ လက်တွဲဖော်

Post  dimple Thu Mar 12, 2009 3:27 pm

မင်းရဲ့ သောကမီးတွေ ပြေငြိမ်းစေဖို့

ကျမလေ … မင်းအတွက် နှင်းပွင့်ကလေး ဖြစ်ချင်တယ်

မင်းရဲ့ အလွမ်းပူတွေ ငြိမ်းအေးစေဖို့

ကျမလေ … မင်းအတွက် မိုးစက်ပွင့်ကလေး ဖြစ်ချင်တယ်

မင်းရဲ့ စိတ်အစဉ် အေးချမ်းစေဖို့

ကျမလေ … မင်းအတွက် စမ်းရေအေးလေး ဖြစ်ချင်တယ်

မင်းရဲ့ ကြေကွဲမျက်ရေတွေ သွေခြောက်စေဖို့

ကျမလေ … မင်းအတွက် လေပြေကလေး ဖြစ်ချင်တယ်

မင်းရဲ့ ဘ၀အမောတွေ နာကျင်ပင်ပန်းမှုတွေ ပြေပျောက်စေဖို့

ကျမလေ … လက်တွဲဖော်အဖြစ်နဲ့ အားပေးလို့ သက်ဆုံးတိုင်၊

မင်းဘေးနားမှာ နေသွားချင်တယ် … မင်းခွင့်ပြုရင် ပေါ့


P.S (သံသရာဆိုတာ တကယ်ရှိခဲ့မယ်ဆိုရင် သံသရာ အဆက်ဆက်

သံသရာဆုံးတိုင် မင်းရဲ့ လက်တွဲဖော်အဖြစ် ရှိချင်တယ်)
dimple
dimple

Number of posts : 9
Age : 65
Registration date : 2009-03-11

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum