Oversea Myanmar Community
Would you like to react to this message? Create an account in a few clicks or log in to continue.

မြန်မာ အမျိုးသား - စုံတွဲ သဲသောင်ပြင်တွင် လိင် ဆက်ဆံခဲ့မှုကြောင့် ပြစ်ဒါဏ်ချမှတ် ခံရ

Go down

မြန်မာ အမျိုးသား - စုံတွဲ သဲသောင်ပြင်တွင် လိင် ဆက်ဆံခဲ့မှုကြောင့် ပြစ်ဒါဏ်ချမှတ် ခံရ Empty မြန်မာ အမျိုးသား - စုံတွဲ သဲသောင်ပြင်တွင် လိင် ဆက်ဆံခဲ့မှုကြောင့် ပြစ်ဒါဏ်ချမှတ် ခံရ

Post  soeaung Thu Mar 12, 2009 2:54 pm

မြန်မာအမျိုးသား ဈေးသည် တဦးသည် လူမြင်းကွင်း၌ အမြင်မတော် လိင် ဆက်ဆံမှု ကျူးလွန်ခဲ့ခြင်းကို ဒူဘိုင်း တရားရုံး၌ ငြင်းဆန်လိုက်သည်။

အာရပ် စော်ဘွားများ နိုင်ငံ Jumeirah ကမ်းခြေတွင် ၄င်း၏ လုပ်ဖော်ကိုင်ဖက် အမျိုးသမီး နှင့် လိင် ဆက်ဆံရာ၌ မည်သူမျှ မကြည့်ခဲ့ဟု ရုံးတော်တွင် ငြင်းဆိုသော်လည်း မှတ်တမ်းများအရ ၂၆နှစ် အရွယ် မြန်မာလူမျိုး အရောင်းသမားသည် ကမ်းခြေသောင်ပြင်တွင် မိမိ၏ လုပ်ဖော်ကိုင်ဖက် အသက်(၂၀) အရွယ်ရှိ အမျိုးသမီး အရောင်းသမား တဦးနှင့် လိင် ဆက်ဆံစဉ်တွင် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့က တရားသူကြီး Adnan Al Farra ရုံးထိုင်သည့် ဒူဘိုင်း အယူခံ ခုံရုံးတွင် အပြစ်ဒါဏ် လျှော့ပေါ့ရေး အတွက် ၄င်းတို့ ၂ဦးမှ အသနားခံစာ တင်လျှောက်ကာ မြန်မာလူမျိုး အရောင်းသမားမှ ရုံးတော်၌ ထုချေရာတွင် ၄င်းသည် အရက်သေစာ သောက်စားပြီးနောက် အမျိုးသမီး အရောင်းသမားနှင့် လိင်ဆက်ဆံခဲ့ပါကြောင်း ဝန်ခံလိုက်ကာ ပြည်သူများ အမြင်တွင် မဖွယ်မရာ ပြုမူခဲ့ခြင်း မဟုတ်ကြောင်း၊ မိမိတို့ နှစ်ဦးကို မည်သူမျှ စောင့်ကြည့်ခြင်း မရှိကြောင်းဖြင့် စောဒက တက်ကာ ရုံးတော်သို့ ထုချေသည်။

အမျိုးသမီး အရောင်းသမားမှ ပြောကြားရာ၌ သူမသည် အမူးလွန်သွားသည့် အတွက် လိင် ဆက်ဆံခဲ့ပါကြောင်း ဝန်ခံလိုက်ကာ အများ အမြင်တွင် တင့်တယ်မှု မရှိအောင် မပြုလုပ်ခဲ့ပါကြောင်း ငြင်းဆိုသည်။ ပြည်သူများ အသုံးပြုသည့် Jumeirah ကမ်းခြေတွင် မတင့်တယ် ပြုလုပ်ခဲ့မှု အတွက် တရားစွဲခြင်းခံရသော အမှုအဖြစ် ရုံးတော်မှ သတ်မှတ်၍ အစောပိုင်းတွင် Dubai တရားရုံးမှ ၄င်းတို့ နှစ်ဦးကို အများအမြင်တွင် မတင့်တယ်ဖွယ်ရာ လိင်ဆက်ဆံခဲ့မှု အတွက် ထောင်ဒါဏ် တနှစ် ချမှတ်ခဲ့ပြီး၊ အရက်သေစာ သုံးစွဲမှုအတွက် နောက်ဆက်တွဲ ထောင်ဒါဏ် တလအဖြစ် ချမှတ် ခဲ့သည်။

အဆိုပါ စုံတွဲသည် မိမိတို့၏ ပြစ်ဒါဏ်များ ကျခံပြီးပါက တိုင်းပြည်မှ နှင်ထုတ်ခြင်းခံရမည် ဖြစ်ကာ အဆိုပါ ကိစ္စရပ်နှင့် ပါတ်သက်၍ အသနားခံစာ တင်သွင်းထားသည်ဟု သိရှိရသည်။

ယခုလို မှုခင်းမှာ အာရပ် စော်ဘွားများ နိုင်ငံအတွင်း ဒုတိယအမှုဖြစ်လာပြီး ပထမအမှုမှာ ယခင်နှစ် နွေရာသီတွင် ဗြိတိသျှ စုံတွဲနှစ်ဦးသည် သောင်ပြင်တွင် အရက်သေစာ သောက်စားပြီး လိင် ဆက်ဆံမှုပြုလုပ်စဉ် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်(၃)လ ချမှတ် ခံခဲ့ရပြီး တိုင်းပြည်မှ နှင်ထုတ်ခြင်း ခံခဲ့ရသည်။

သတင်း - လင်းဦး(စိတ်ပညာ)
soeaung
soeaung
Admin

Number of posts : 30
Registration date : 2009-03-07

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum