Oversea Myanmar Community
Would you like to react to this message? Create an account in a few clicks or log in to continue.

အိုင်တီ နှင့် အလုပ်အကိုင် အခွင့်အလမ်းများ

Go down

အိုင်တီ နှင့် အလုပ်အကိုင် အခွင့်အလမ်းများ Empty အိုင်တီ နှင့် အလုပ်အကိုင် အခွင့်အလမ်းများ

Post  baganland Wed Mar 11, 2009 9:51 pm

မန်မာနိုင်ငံက အိုင်တီသမားတွေ အတော်များများဟာ အခုဆိုရင် နိုင်ငံတကာအသိအမှတ်ပြု အိုင်တီစာမေးပွဲတွေဖြေပြီးတော့ နိုင်ငံရပ်ခြားကိုထွက် အလုပ်လုပ်လာကြတာ ကိုတွေ့ရပါတယ်။ လုပ်ငန်းအတွေ့အကြုံ အသင့်အတင့်ရှိပြီး နိုင်ငံတကာ အောင်လက်မှတ် ရှိထားရင် ပြည်ပနိုင်ငံတွေမှာ အထူးသဖြင့် စင်္ကာပူလိုနိုင်ငံမျိုးမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှိနေပါတယ်။ ဟုတ်ပြီ ဒါဆိုရင် ကိုယ့်မှာ သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိပြီ ဆိုရင် ဘယ်လို Certificate မျိုးကိုဖြေပြီးယူမလည်း ဆိုတာကိုဆုံးဖြတ်ပါ။ ကိုယ်ဟာ Software နယ်ပါယ်ထဲမှာလုပ်မှာလား Hardware နဲ့ Networking နယ်ပါယ်ထဲမှာ အသက်မွေးဝမ်းကြောင်းမှာလား ဒါမှမဟုတ် Graphic Desigin လောကမှာ ကျင်လည်မှာလား စသဖြင့် ဆုံးဖြတ်ပြီးတော့ ရွေးချယ်နိုင်ပါတယ်။ ဆုံးဖြတ်ပြီးပြီ ဆိုရင်တော့ သက်ဆိုင်ရာ နယ်ပါယ်အလိုက် အောင်လက်မှတ်တွေကို ဖြေဆိုဖို့ ပြင်ဆင်နိုင်ပါပြီ။ ဒီလိုအောင်လက်မှတ်တွေ ရထားမယ်ဆိုရင် ကိုယ့်ကို ကိုယ်လည်း နိုင်ငံတကာအဆင့် ယုံကြည်မှုတွေကို ရလာမှာဖြစ်ပါတယ်။

ဒီအောင်လက်မှတ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဆီမှာရနိုင်တဲ့ အကျိုးကျေှးဇူး သုံးခုကို စဉ်းစားမိပါတယ်။
ပထမ အကျိုးကျေးဇူးက ဒီအောင်လက်မှတ်တွေဟာ မြန်မာ အိုင်တီသမားတွေကို ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံတကာ အိုင်တီလုပ်အား ဈေးကွက်မှာ ၀င်ဆံ့ဖို့ ဗီဇာတွေဖြစ်ပါတယ်။ ဒီအောင်လက်မှတ်တွေကို ယူပြီး နိုင်ငံခြားမှာ အလုပ်ထွက်လုပ်ရင် နိုင်ငံတကာက အိုင်တီသမား တွေနဲ့ ရဲဝံ့စွာနဲ့တွဲဖက် လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။နောက်ပြီး စံချိန်စံညွှန်းမီ အလုပ်အကိုင် ပတ်ဝန်းကျင်တွေမှာ လုပ်ကိုင်လို့ အတွေ့အကြုံကောင်းတွေ ရနိုင်ပါတယ်။တစ်ကြိမ်တစ်ခါမှ မရဘူးသေးတဲ့ ၀င်ငွေကိုလည်း ရရှိခံစားနိုင်ပါတယ်။

ဒုတိယအကျိုးကျေးဇူးကတော့ မြန်မာအိုင်တီလောကမှာဖြစ်ပေါ်နေတဲ့ အလေ့အထတစ်ခုကို ဒီအောင်လက်မှတ် စာမေးပွဲတွေက ထိန်းကွပ်ပေးပါလိမ့်မယ်။ အဆင့်မီ စံနစ်တကျ သင်ကြားမှု မရရှိခဲ့ကြတဲ့ တစ်ချို့သော မြန်မာ အိုင်တီသမားလေးတွေဟာ ကိုယ့်ကိုယ်ကို လက်တွေ့ဆန်သလိုလို ဘာလိုလိုနဲ့ မမှန်ကန်တဲ့ အယူအဆတွေ၊ လုပ်ပုံကိုင်ပုံတွေကို စွဲကိုင်ထားတတ်ပါတယ်။ နည်းပညာ အောင်လက် မှတ် စာမေးပွဲတွေမှာ မှန်ကန်တဲ့ အိုင်တီအယူအဆတွေနဲ့ သင့်တော်တဲ့ လုပ်ထုံးလုပ်နည်းတွေကို အဓိကထား စစ်ဆေးလေ့ရှိတာကြောင့် အိုင်တီလိုက်စားသူတွေအတွက် အနည်းဆုံးတော့ ဘယ်ဟာမှန်သလဲဆိုတာကို ခွဲခြားသိမြင်ခွင့်ရနိုင်ပါလိမ့်မယ်။

တတိယအကျိုးကျေးဇူးကတော့ သင်ကြားရေးနဲ့ဆိုင်ပါတယ်။ နည်းပညာလေ့လာလိုက်စားသူတွေဟာ Networking လုပ်တယ်၊ Java လုပ်တယ်၊ Orcale လုပ်တယ် စသဖြင့် လမ်းကြောင်းတစ်ကြောင်းကို လိုက်ကြပေမယ့် ဘာကို ဦးတည်ပြီးလုပ်ရမယ်ဆိုတာကို မရေမရာ ဖြစ်တတ်ပါတယ်။ နိုင်ငံတကာ စာမေးပွဲတစ်ခုကို ဦးတည် လေ့လာလိုက်ခြင်းအားဖြင့် သူတို့အတွက် စံချိန်စံညွန်း တစ်ခုကို သတ်မှတ်ပေး လိုက်သလို ဖြစ်သွားပါတယ်။ သူတို့ ကြိုးစား လေ့လာလိုက်တဲ့အရာရဲ့ ရလာဒ်ဟာ နိုင်ငံတကာ အသိအမှတ်ပြု အောင်လက်မှတ်တစ်ခု ဖြစ်တယ်ဆိုတာကို သိလိုက်ရလို့အားရှိစေပါလိမ့်မယ်။

နိုင်ငံတကာ အိုင်တီနည်းပညာ အောင်လက်မှတ် စာမေးပွဲတွေကို နည်းလမ်းအသွယ်သွယ်နဲ့ အုပ်စုခွဲနိုင်ပါတယ်။ ဒီလို စာမေးပွဲတွေ ဖြေဆိုသူတွေအတွက် အဆင်အပြေဆုံး အုပ်စုသွင်းနည်းကတော့ အောင်လက်မှတ်တွေနဲ့ ကိုယ်နဲ့ကိုက်ညီတဲ့ ကိုယ်ရည်ရွယ်တဲ့ လုပ်ငန်း နယ်ပယ်ပါပဲ။ ဒီလို အောင်လက်မှတ် စာမေးပွဲတွေထဲမှာ ပရင်တာ အမျိုးအစားတစ်ခုကို ကိုင်တွယ်ဆောင်ရွက်နည်း စာမေးပွဲတွေလို အင်မတန် အသေးစိတ်ဆန်တဲ့ စာမေးပွဲမျိုးတွေကအစ အိုင်တီလုပ်ငန်းနယ်ပယ် တစ်ခုလုံးနဲ့ ပတ်သက်တဲ့ ဗဟုသုတကို စစ်ဆေးတဲ့ Network +, ITALE လိုစာမေးပွဲတွေအထိ ပါဝင်ပါတယ်။

အကြမ်းဖျင်းအားဖြင့် စာမေးပွဲဖြေလေ့ရှိတဲ့ အိုင်တီလုပ်ငန်းနယ်ပယ်တွေဟာ ဟာ့ဒ်ဝဲ(A+)စာမေးပွဲ၊ ပရိုဂရမ်းမင်း (MCSD,MCP) စာမေးပွဲ၊ ကွန်ရက်စာမေးပွဲ (Network+, Security +, MCSA, MCSE,etc)၊ ဒေတာဘေ့စ်စာမေးပွဲ (MCDBA) စသဖြင့် ခွဲခြားနိုင်ပါတယ်။ သီးခြားသော အလုပ်အကိုင် တွေအတွက် စစ်ဆေးတဲ့ ကွန်ပျူတာ လုံခြုံရေးစာမေးပွဲ တွေလည်း ရှိကြသလို စီမံခန့်ခွဲမှုအတွက် အောင်လက်မှတ်တွေဟာလည်း ကျော်ကြားပါတယ်။

ဆက်လက်ဖော်ပြပါမည်။

baganland

Number of posts : 41
Location : Singapore
Registration date : 2009-03-11

http://www.baganland.co.cc

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum