Oversea Myanmar Community
Would you like to react to this message? Create an account in a few clicks or log in to continue.

စင်္ကာပူမှာ ပီအာတင်မယ်

2 posters

Go down

စင်္ကာပူမှာ ပီအာတင်မယ် Empty စင်္ကာပူမှာ ပီအာတင်မယ်

Post  Admin Sun Mar 08, 2009 8:41 am

အလုပ်လုပ်တာ အနဲဆုံး သက်တမ်း (၆)လ ရှိပြီဆိုရင် ပီအာ (အမြဲတမ်းနေထိုင်ခွင့် ၅နှစ်သက်တမ်း) တင်ခွင့်ရှိပါတယ်။ တင်ခွင့်ရှိတယ်လို့ဆိုလိုတာနော် ရမယ်မရဘူးဆိုတာကတော့ သိပ်ပြီးတော့ စိတ်မမှန်တဲ့ စလုံးတွေအပေါ်မူတည်တယ်။ အိုကေ စတင်တော့မယ်ဆိုရင် ဘာတွေလိုအပ်မလဲဆိုတော့ (၁) ၆လစာ Pay slip ပရင့်ထုတ်ပါ။ (၂) အိမ်ထောင်စုဇယား ၊ ဘွဲ့လက်မှတ်၊ ဆယ်တန်းအောင်လက်မှတ်၊ မွေးစာရင်း၊ မှတ်ပုံတင်၊ အိမ်ထောင်ရှိလျှင် လက်ထပ်စာချုပ်၊ ကလေးမွေးစာရင်း နဲ့အခြား အောင်လက်မှတ်များ။ ဒီနေရာမှာ တစ်ခုသတိထားရမှာက နိုတြီပြန်တဲ့နေရာမှာ တရားဝင်ရှေ့နေဖြစ်ဖို့ နဲ့ တစ်ခါတစ်လေ မိဘမွေးသက္ကရာဇ်က မြန်မာလိုဖြစ်နေတတ်တယ် အင်္ဂလိပ်လိုဖြစ်ရပါမယ်။ တော်ကြာ နင်တို့မိဘတွေက အသက်ရာကျော် ထောင်ကျော်တွေပါလားဆိုပြီးတော့ ပြန်လုပ်ခိုင်းရင် အချိန်အလကားကုန်တယ်။ ကဲ..အဲဒါတွေ အားလုံးစုံပြီဆိုရင် အွန်လိုင်းကနေ ICA ၀က်ဆိုဒ်ထဲကိုဝင် အဲဒီလင့်ခ်က နေ Form4A ဆိုတာကို ဆွဲချ ပရင့်ထုတ်။ ပြီးရင်ဖောင်ဖြည့် ဓာတ်ပုံကမြန်မာပြည်က ရိုက်လာတဲ့ပုံတွေမသုံးပါနဲ့။ ဒီမှာသီးသန့် ပြန်ရိုက်ပါ။ အိုင်စီအေ မှာလည်းရိုက်လို့ရတယ်။ ဖောင်ဖြည့်တဲ့နေရာမှာ လက်ရေးလက်သားကို မလှရင်နေပါ ရှင်းနေအောင်ရေးပါ အကောင်းဆုံးကတော့ ဖောင်မဖြည့်ခင် မိတ္တူအပိုဆွဲထား တာပိုကောင်းတယ်။

ပြီးတော့ အလုပ်အ လုပ်အကိုင်နဲ့ ပညာရေးမှာ တစ်နှစ်နဲ့တစ်နှစ်တစ်အားကြီး ကွာမနေပါစေနဲ့။ ဥပမာ။ ။ ၂၀၀၀ ခုနှစ်မှာကျောင်းပြီးတယ် ၂၀၀၂ ခုနှစ်မှာအလုပ်ဝင်တာကို ပြထားမယ်ဆိုပါတော့ သူတို့ကမေးလိမ့်မယ် ကြားထဲက နှစ်တွေမှာဘာလုပ်နေသတုံးပေါ့။ အဲဒီတော့ အဲဒါတွေကိုသတိထားပါ။ ဖြည့်စရာမလိုတဲ့/ဖြည့်ဖို့ကိုယ်နဲ့မဆိုင်တဲ့နေရာ တွေမှာ ကွက်လပ်မထားခဲ့ပါနဲ့ N.A ဆို ပြီးတော့ရေးထဲ့ပါ။ အားလုံးဖြည့်ပြီးသွားရင် အနဲဆုံး ၃ ကြိမ်လောက်ပြန်စစ်ပါ။ စာလုံးပေါင်းတွေ အချက်အလက်တွေကို။ အော်ပြီးတော့ တစ်ခုရှိသေးတယ် ပုံမှန်အားဖြင့်ဆိုရင် ပီအာတင်ရင် ကိုယ်လက်ရှိအလုပ်လုပ်နေတဲ့ ကုပ္မဏီက ထောက်ခံ ပေးရတယ် သူတို့တံဆိပ်တုံးတွေ CPF တွေဘာညာတွေ ဖြည့်ပေးရတယ်။ ဒီနေရာမှာ တစ်ချို့ကုပ္မဏီက လုပ်ပေးတယ် တစ်ချို့ကလုံးဝလုပ်မပေးဘူး ဒါလည်း ပြသနာမရှိပါဘူး ICA မှာဖောင်တင်တော့ ကိုယ့်ဟာကိုတင် တာလို့ပြောလိုက် လက်ခံတယ်။ ဟုတ်ပြီလား။ ကဲ..ဖောင်တွေလည်းဖြည့်ပြီးပြီ စာရွက်စာတမ်းလည်းစုံပြီ ဆိုရင်တော့ ဘယ်လိုတင်မလည်း ဆိုတာရွေးတော့။ တစ်ခုက မနက်စောစောသွားပြီး တန်းစီတာ၊ အင်း…ဒီနည်းက အိပ်ရေးပျက်တယ် အချိန်ကုန်တယ် ကို့ထက်ဦးတဲ့သူတွေကြီးပဲ စနေလိုနေ့မျိုးဆို လူ ၁၂၀ ပဲလက်ခံတာ။ ကိုယ့်အလှည့်ကျမှ ပြန်ချိန်းရင် ပင်ပန်းတယ်။ ဒီတော့ ICA [Link] ၀က်ဆိုဒ်ထဲမှာပဲ E-appointment ဆိုတာကိုရှာ ကလစ်နှိပ်ပြီးတော့ ရက်နဲ့ အချိန်နဲ့ရွေးပေးလိုက် ပြီးရင် submit လုပ် ပရင့်ထုတ်ဖို့တော့မမေ့နဲ့ အဲဒီမှာ barcode ပါတယ်။ ကဲဒါဆို အဆင်သင့်ပဲ။ ဂိုးလို့ရပြီ ICA ကို။ ICA ရုံးကိုရောက်ရင် ၅ ထပ်ကိုတက်သွား ပြီးရင် Queue Machine ၂ လုံးချထားတာတွေ့လိမ့်မယ် အဲဒီမှာ ကိုယ့်ရဲ့ အပိုင့်မန့်စာရွက်ကို scan ဖတ် ပြီးတော့ screen က e-appointment ဆိုတာကို လက်ညှိုးလေးနဲ့ သာသာထောက်လိုက် (တော်ကြာမှန်ကွဲသွားလို့ လျှော်နေရဦးမယ်)။ အဲဒါဆို Queue စာရွက်ကလေးထွက်လာလိမ့်မယ် ဒါဆို စာရွက်က ကိုယ့်နံပတ်ကိုကြည့် ကောင်တာ ဘယ်လောက်ကနေဘယ်လောက်အတွင်း ဆိုတာလည်း ပါလိမ့်မယ်။ ထိုင်စောင့်ပေတော့ အပိုင့်မန့်လုပ်ထားလို့ သိပ်မကြာဘူး ၁၀ မိနစ်လောက်ပဲကြာလိမ့်မယ်။ ကိုယ့်ရှေ့က တီဗွီစက၇င်မှာ ကောင်တာနံပတ်နဲ့ အမှတ်စဉ်ပေါ်လာရင် သက်ဆိုင်ရာကောင်တာကိုသွား။ ဂွတ်မောနင်းတို့..အာဖတာနွန်းတို့ ပစ်လုပ် လုပ်ပလိုက် ကံကောင်းရင် မင်္ဂလာပါလို့ ပြန်ပြောလိမ့်မယ်။ အဟဲ..ပြီးတော့ တစ်ကယ်လို့ ကုပ္မဏီစပွန်စာ မပါလည်း ကိုယ့် ဟာကိုယ်တင်တာလို့ပြောလိုက် အိုကေတယ်။ ပြီးရင် လက်မှတ်တွေကို မူရင်းနဲ့တိုက်လိမ့်မယ် ပြီးတော့ သူတို့လက်ခံပြီဆို ရင် စလစ်တစ်စောင်ထုတ်ပေးလိမ့်မယ်။ ပျမ်းမျှ ၃ လကြာပါလိမ့်မယ်။ ကံကောင်းရင် တစ်လခွဲလောက်နဲ့ရတယ်။ အဲကံက နဲနဲလေးမကောင်းရင် ၃လ သို့မဟုတ် ၆လ ထပ်စောင့်ခိုင်းတယ်။ အဲဒိထက်ကံဆိုးရင်တော့ ၃ နှစ်လည်းမသေချာဘူးဗျ။ ကျွန်တော်ကြားသလောက်ကတော့ မိန်းမ၊ခလေး နဲ့မိသားစုရှိတဲ့သူတွေဆို ပိုပြီးတော့အကျမြန်သတဲ့။ လူပျိုကြီးများ စလုံးမ ၂ ယောက်လောက်နဲ့ ကလေး တစ်ဒါဇင်လောက် အရေးပေါ်ယူပြီးတင်ကြလေကုန်။

Admin
Admin

Number of posts : 36
Registration date : 2009-03-05

https://omcf.forumotion.com

Back to top Go down

စင်္ကာပူမှာ ပီအာတင်မယ် Empty Re: စင်္ကာပူမှာ ပီအာတင်မယ်

Post  mabaydar Mon Mar 09, 2009 1:01 pm

အတော်ကို တိကျအသေးစိတ်ရေးထားတဲ့ အချက်အလက်တွေပဲ.. လူပျိုကြီးတွေအတွက် အကြံတောင်ပေးလိုက်သေးတယ်.. အဟတ်ဟတ်.. အပျိုကြီးတွေကျတော့ရော... bom
mabaydar
mabaydar

Number of posts : 28
Registration date : 2009-03-09

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum