Oversea Myanmar Community
Would you like to react to this message? Create an account in a few clicks or log in to continue.

စာပေစိစစ်ရေး ဒစ်ဂျစ်တယ် ပြောင်းလဲမည်

Go down

စာပေစိစစ်ရေး ဒစ်ဂျစ်တယ် ပြောင်းလဲမည် Empty စာပေစိစစ်ရေး ဒစ်ဂျစ်တယ် ပြောင်းလဲမည်

Post  Admin Sun Mar 08, 2009 8:32 am

လာမည့် ဇွန်လဆန်းမှ စတင်ကာ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ဂျာနယ်များကို စိစစ်ရာတွင် ဒစ်ဂျစ်တယ် နည်းပညာကို ပြောင်းလဲ အသုံးပြုတော့မည်ဟု ဌာနမှ အရာရှိတဦး အပြောအရ သိရ ...

ရန်ကုန် (မဇ္ဈိမ)။ ။ လာမည့် ဇွန်လဆန်းမှစတင်ကာ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ဂျာနယ်များကို စိစစ်ရာတွင် ဒစ်ဂျစ်တယ် နည်းပညာကို ပြောင်းလဲ အသုံးပြုတော့မည်ဟု ဌာနမှ အရာရှိတဦး အပြောအရ သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ စာပေစိစစ်ရေးသို့ ပုံနှိပ်ဖြန့်ချီခြင်းမပြုမီ ခွင့်ပြုချက်တင်ပြရာတွင် လက်ရှိ ဂျာနယ်၊ မဂ္ဂဇင်းများ တင်ပြနေသည့် ပုံစံဖြစ်သော မူကြမ်းများကို စာရွက်များဖြင့် မိတ္တုကူးပြီး စိစစ်ရေးမှူးများထံ လိုက်လံ တင်ပြရသည့်ပုံစံမှ စီဒီ သို့မဟုတ် ဖိုင်သိမ်းဆည်းသော မန်မိုရီစတစ်ဖြင့် တင်ပြ၍ ရလာမည်ဖြစ်သည်။

အဆိုပါ စနစ်သစ်ကို ကနဦး အကောင်အထည်ဖော်သည့် အနေဖြင့် ဂျာနယ်များတွင် စတင်ကျင့်သုံးသွားမည်ဖြစ်ပြီး မဂ္ဂဇင်းနှင့် အခြားစာအုပ်စာတမ်းများကို တဖြည်းဖြည်း ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု သတင်းဂျာနယ် များကို စိစစ်တည်းဖြတ်ရသည့် စိစစ်ရေးမှူးတဦးက ပြောပါသည်။

၎င်းပုံစံသစ်အရ ဂျာနယ်များသည် စီဒီ သို့မဟုတ် မန်မိုရီစတစ်ဖြင့်သာ တင်ပြလိုသည့် မူကြမ်းကို စိစစ်ရေးရုံးသို့ ယူဆောင်လာရမည်ဖြစ်ပြီး စိစစ်ရေးရုံးအတွင်း ကူပြူတာများ တလုံးနှင့်တလုံး ကွန်ယက်ချိတ်ဆက်ကာ တည်းဖြတ်သွားမည်ဟု ၎င်းက ဆိုပါသည်။

တည်းဖြတ်ပြီးသွားပါက လတ်တလောတွင် ဂျာနယ်များသို့ ပရင့်ပြန်လည်ထုတ်ပေးသည့်ပုံစံဖြင့်သာ ကျင့်သုံးသွားဦးမည်ဖြစ်ပြီး နောက်ပိုင်းတွင် အွန်လိုင်းမှတဆင့် အပြန်အလှန်ပေးပို့သည့် ပုံစံအထိ ပြုလုပ်သွားဖို့ ရည်ရွယ်ထားသည်ဟု အဆိုပါ စိစစ်ရေးမှူးက ဆိုပါသည်။

လတ်တလောတွင်း စာပေစိစစ်ရေးရုံးတွင်းရှိ ကွန်ပြူတာများကို နက်ဝက်များချိန်စက်ထားပြီးဖြစ်ပြီး စမ်းသပ်အသုံးပြုနေပြီဟု အဆိုပါရုံးမှ ၀န်ထမ်းတဦးက ပြောပါသည်။

ထိုသို့ လက်တွေ့ကျင့်သုံးရန်မှာမူ မြန်မာနိုင်ငံ၏ အင်တာနက်မြန်နှုန်း အလွန်နှေးကွေးသဖြင့် လက်တွေ့အကောင်အထည်ဖော်ရန် မဖြစ်နိုင်ကြောင်း ပြည်တွင်းသတင်းဂျာနယ် အသိုင်းအ၀ိုင်းက သုံးသပ်ကြသည်။

သို့သော်လည်း ဂျာနယ်များမှ စိစစ်ရေးရုံးသို့ တင်ပြသည့်ပုံစံဖြစ်သည့် ဂျာနယ်စာမျက်နှာ၏ သုံးပုံနှစ်ပုံကို ဂျာနယ်ထွက်မည့်ရက်နှင့် တပတ်ခွာ၍ လည်းကောင်း၊ ကျန်သုံးပုံတပုံကို နောက်နှစ်ရက်နှင့် သုံးရက်အကြာတွင်လည်းကောင်း တင်ပြရမည့် ပုံစံများကို လတ်တလောပြောင်းလဲသွားရန် အစီအစဉ်မရှိသေးဟု အရာရှိကပြောသည်။

မြန်မာနိုင်ငံတွင် ဂျပန်ကြီးစိုးစဉ်ကာလ စစ်ထောက်လှမ်းရေးများက ဆန့်ကျင်သူများကို ညှန်းပမ်းနှိပ်စက်ခြင်းနှင့် တင်စား ရှုတ်ချလေ့ရှိသော စာပေကင်ပေတိုင်ဟု နာမည်ကြီးသည့် စာပေစိစစ်ရေးသည် စာများနှင့် ပုံများကို ဖြတ်တောက်ရုံသာမက၊ အချို့သော ဌာနဆိုင်ရာနှင့် ပတ်သတ်သည့် သတင်းများကို အဆိုပါ ဌာနမှ ဖော်ပြခွင့်ပြုပါကြောင်း ထောက်ခံချက်များကိုတောင်းဆိုလေ့ရှိပြီး၊ အချို့သော စာသားများ၊ စာပိုဒ်များကို ၎င်းတို့ ကြိုက်နှစ်သက်သည့် ပုံစံပြန်ပြင်ရေးပေးလေ့ရှိသည်။

ယခုကဲ့သို့ အီလက်ထရောနစ်ကော်ပီပုံစံဖြင့် တင်ပြကာ၊ စိစစ်ရေးမှူးများက ကွန်ပြူတာဖြင့် နက်ဝက်ချိတ်ဆက်စစ်ဆေးပါက စိစစ်ရေးစိတ်ကြိုက် ပြန်ပြင်ရေးသည့်ပုံစံများ ပိုမိုဖြစ်ပေါ်လာဖွယ်ရှိသည်ဟု ပြည်တွင်းသတင်းဂျာနယ်တစောင်မှ စိစစ်ရေးနှင့် မကြာခဏ ဆက်သွယ်လုပ်ကိုင်လေ့ရှိသော အယ်ဒီတာတဦးက သုံးသပ်သည်။

Admin
Admin

Number of posts : 36
Registration date : 2009-03-05

https://omcf.forumotion.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum