Oversea Myanmar Community
Would you like to react to this message? Create an account in a few clicks or log in to continue.

ရတနာပုံ F.C အသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းနှင့် တွေ့ဆုံခြင်း

Go down

ရတနာပုံ F.C အသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းနှင့် တွေ့ဆုံခြင်း Empty ရတနာပုံ F.C အသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းနှင့် တွေ့ဆုံခြင်း

Post  wintersun Sun Mar 22, 2009 1:12 pm

လွန်ခဲ့သည့်ငါးနှစ်ခန့်က မြန်မာနိုင်ငံတွင် Alpine ဆိုသည့်အမည်ကို သိရှိသူအလွန် နည်းပါးခဲ့သော်လည်း ယခုအချိန်တွင်မူ မြန်မာတစ်နိုင်ငံလုံးရှိ လူဦးရေသန်း ၅၀ ကျော်စလုံး မသိသူမရှိသလောက် ဖြစ်နေပြီဖြစ်သည်။ ထို့အတူ ရတနာပုံ F-C (တစ်နည်းအားဖြင့် မန္တလေး F-C) ဆိုသည့် ဘောလုံးအသင်းတစ်သင်းသည်လည်း ယခုအချိန်တွင် လူအများ၏ စိတ်ဝင်စားခံရမှု၊ သိရှိမှုနည်းပါးနေသေးသော်လည်း နောင်ငါးနှစ်ဆိုသော အချိန်ကာလတစ်ခုတွင်တော့ မြန်မာဘောလုံးလောက တွင်သာမက ဒေသတွင်းနိုင်ငံများအထိ မည်ကဲ့သို့ ကျယ်ကျယ်ပျံ့ပျံ့ ထိုးဖောက်နိုင်မည်ကို စောင့်ကြည့်ရမည် ဖြစ်ပါသည်။

မန္တလေးဆိုသည်မှာ ကမ္ဘာကသိသော မစိမ်းသောအမည်နာမ ဖြစ်ပါသည်။ (အင်္ဂလိပ်စာရေးဆရာ Rudyard Kipling ၏ Mandalay ဟူသောကဗျာနှင့် အမေရိကန်နိုင်ငံ Las-vegas ရှိ Mandalay Bay resort & casino လည်း အပါအ၀င်ဖြစ်သည်။) ရတနာပုံ-FC ဆိုသည်မှာလည်း မန္တလေးတိုင်းကိုယ်စားပြုအသင်းပင် ဖြစ်လေရာ . . . .

ရတနာပုံအသင်းဖြစ်ပေါ်လာပုံကိုပြောပြပေးပါ။

ဘောလုံးအဖွဲ့ချုပ်ကို နိုင်ငံ့အကြီးအကဲတွေက လမ်းညွှန်တယ်၊ ဘောလုံးအဖွဲ့ချုပ်ကလည်း ဆရာတို့နဲ့ညှိတယ်၊ ဆရာတို့ကလည်း ရှိတဲ့အားနဲ့တတ်စွမ်းသရွေ့ ၀ိုင်းလုပ်ပေးမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ စလုပ်ဖြစ်တာပါ။

ဘောလုံးနဲ့ရင်းနှီးမှုမရှိဘဲနဲ့ ဒီလောကထဲကိုဝင်လာတဲ့အတွက် ဘယ်လိုအခက်အခဲတွေ ရှိပါသလဲ။

ဆရာတို့က ဘာပဲလုပ်လုပ် ကိုယ်ကိုယ်တိုင်မတတ်ကျွမ်းပေမယ့် အင်မတန်ကျွမ်းကျင်တဲ့ ပရော်ဖက်ရှင်နယ်တွေငှားပြီးတော့ သူများရဲ့ ဦးနှောက်၊ သူများရဲ့အချိန်၊ သူများရဲ့ကြိုးစားမှု၊ သူများရဲ့ဗဟုသုတတွေနဲ့ လုပ်တာ၊ ဆရာ့အနေနဲ့ ငွေကြေးက ရှာထားလို့ရတော့ ကျန်တဲ့ အခက်အခဲ သိပ်မရှိပါဘူး။
ဆရာ့လို စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဒီရင်းနှီးမြှုပ်နှံမှုဟာ လတ်တလောမှာ အမြတ်အစွန်းရစရာ အကြောင်းမရှိဘူးဆိုတာသိလျက်နဲ့ ဘာကြောင့်မြှုပ်နှံရတာလဲ။

ဆရာတို့အနေနဲ့ စီးပွားရေးကို ဘောလုံးထဲမှာ ရင်းနှီးမြှုပ်နှံလိုက်တာဟာ အလုပ်တစ်ခုကို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ပဲရှိပါတယ်။ အမြတ်အစွန်းကို ဘယ်လိုတွက်ချက်ပြီး ဘယ်ကနေလာမယ်ဆိုတာ အကြမ်းဖျင်းပဲ သိပါသေးတယ်။ ဒါကလည်း ဘယ်တော့လာမယ်ဆိုတာ မသိရသေးပါဘူး။ အမြတ်အစွန်းအားဖြင့် ဘယ်လိုမှ မျှော်မှန်းလို့ မရသေးဘူးဆိုတာသိလျက်နဲ့ ဖြစ်အောင်လုပ်တာပါ။ တစ်ခုအားသာချက်ရှိတာက ဆရာတို့မှာ brand တွေရှိတယ်။ ပစ္စည်းတွေရှိတယ်။ အဲဒါတွေရဲ့ ကြော်ငြာစရိတ်တွေထဲက ဖဲ့သုံးလိုက်တာဖြစ်တယ့်အတွက် အရင်းအနှီးအနေနဲ့ သိပ်ကြီးကြီးမားမား မတည်စရာမလိုပါဘူး။

အသင်းရဲ့အနေအထားကို ပြောပြပေးပါ။

ဆရာတို့ နိုင်ငံခြားသားကစားသမားငါးယောက်ရနေပြီ။ ဗီဇာရရင် approve လုပ်တော့မယ်။ ပြည်တွင်းကတော့ ကစားသမား ၁၇ ဦး ရှာနေပါတယ်။ အမည်စာရင်း တကယ်သေချာပြီဆိုရင် ထုတ်ပြန်မှာပါ။ ဧပြီလ ၁ ရက်နေ့မှာစပြီး စခန်းသွင်းလေ့ကျင့်မှာပါ။

မေလမှာ ပထမဦးဆုံးရင်ဆိုင်ရမယ့်ဖလား(Cup)ပြိုင်ပွဲမှာ ဘယ်အဆင့်အထိ ရောက်မယ်လို့ ရည်မှန်းထားပါသလဲ။

ရည်ရွယ်တာကတော့ နိုင်ချင်တယ်။ ဗိုလ်စွဲချင်တယ်။ ဒါပေမယ့် ပထမဦးဆုံးနှစ်မှာ ကျွန်တော်တို့အသင်း ကန်တာမမြင်ဖူးတော့ ပြောရခက်ပါတယ်။

လက်ရှိအချိန်မှာ အသင်းရဲ့ဘတ်ဂျက်ကို ဘယ်လောက်သတ်မှတ်ထားပါသလဲ။

တစ်နှစ်ကိုသိန်း ၅၀၀၀ သုံးမယ်လို့ ခန့်မှန်းထားပါတယ်။

လတ်တလောနေရှင်နယ်လိဂ်ရှစ်သင်းမှာ ဆရာ့အသင်းက ပြင်ဆင်မှုအားအကောင်းဆုံးလို့ ဘောလုံးအသိုင်းအ၀ိုင်းမှာ သတင်းကြီးနေတဲ့အပေါ် ဆရာ့ရဲ့အမြင်ပြောပြပေးပါ။

ပြင်ဆင်မှုအားအကောင်းဆုံးဆိုတာ ကျွန်တော့်ကို ကျွန်တော်တော့ မသိပါဘူး။ ကျွန်တော်တို့ကတော့ စိတ်ပါလက်ပါနဲ့ မဖြစ်မနေလုပ်မယ်လို့ပဲ ခံယူထားပါတယ်။ ဒါကြောင့် နိုင်ငံခြားသားနည်းစနစ်ဒါရိုက်တာကို မဖြစ်မနေရှာတာ။ ဒီမန်နေဂျာမရှိရင် ကျွန်တော်တို့ဘာမှ မလုပ်တတ်ဘူး။ နောက်ပြီး အာဖရိကဘောလုံးသမားတွေ ကျွန်တော်တို့အသင်းမှာ လာကစားရတဲ့အားသာချက်ကတော့ သူတို့က ဥရောပကိုသွားကစားချင်ကြတယ်လေ။ ကျွန်တော်တို့မှာက ကွန်ရက်ရှိတယ်။ ကျွန်တော်တို့ဘက်က လမ်းကြောင်းတွေ ဖွင့်ပေးထားပါတယ်။ ဒါကြောင့် တခြားအသင်းတွေထက်စာရင် ကျွန်တော်တို့အသင်းက အခွင့်အရေးတွေပိုရနိုင်တယ်လို့ ထင်လို့ပါ။ ပြင်ဆင်မှုကတော့ အကောင်းဆုံးဆိုတာထက် အတတ်နိုင်ဆုံးပြင်ဆင်ထားတာပါ။

ဘယ်တော့လောက် သတင်းစာရှင်းလင်းပွဲ လုပ်ဖြစ်မယ်ထင်သလဲ။


အလွန်ဆုံးမတ်လကုန်ပေါ့။ အသင်းက ကစားသမားတွေကို စာနယ်ဇင်းတွေကို ထုတ်ပြမယ်။ အသင်းကိုင်ဆောင်မယ့်အလံက ဘာလဲ၊ Logo ဘာလဲဆိုတာ ပြလို့ရပါပြီ။
လက်ရွေးစင်ကစားသမားတွေကို ဆရာတို့လိုပဲတခြားအသင်းတွေက ခေါ်ယူနေတဲ့အပေါ် ဆရာ့ရဲ့အမြင်လေးကို ပြောပြပေးပါ။

ကျွန်တော်က ဘောလုံးမှာ beginner ဆိုတော့ ခက်ခဲတာပေါ့။ တခြားခင်ရာမင်ကြောင်းတွေနဲ့ သွားတာတွေလည်း ရှိပါတယ်။ ဘယ်သူဘယ်ဝါပုဂ္ဂိုလ်စွဲမထားဘဲ နည်းပြဆရာက သူ့ရဲ့သီအိုရီတွေ၊ လက်တွေ့တွေနဲ့ အခက်အခဲတွေကိုကျော်လွှားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ စိတ်ဝင်စားစရာလည်း ကောင်းမယ်လို့ ထင်ပါတယ်။

wintersun

Number of posts : 15
Registration date : 2009-03-10

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum