Oversea Myanmar Community
Would you like to react to this message? Create an account in a few clicks or log in to continue.

ဘုရားရှေ့ ပျော်ပွဲရွှင်ပွဲချားရဟတ်ပြုတ်ကျ လူ ၂၀ ကျော် ပျက်ဆီး

Go down

ဘုရားရှေ့ ပျော်ပွဲရွှင်ပွဲချားရဟတ်ပြုတ်ကျ လူ ၂၀ ကျော် ပျက်ဆီး Empty ဘုရားရှေ့ ပျော်ပွဲရွှင်ပွဲချားရဟတ်ပြုတ်ကျ လူ ၂၀ ကျော် ပျက်ဆီး

Post  soeaung Sat Mar 07, 2009 5:12 pm

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီး အထက်ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲများကို မတ်လ (၇) ရက်နှင့် (၈) ရက်တို့တွင် ကျင်းပမည်ဖြစ်သည့်အတွက် ဥပ္ပါတသန္တိစေတီရှေ့ကွင်းပြင်ရှိ ပျော်ပွဲရွှင်ပွဲများကျင်းပသည့်နေရာမှ ချားရဟတ်ကြီး ပြုတ်ကျသည့်အတွက် လူ (၂၀) ကျော် သေဆုံးသွားသည်ဟု မျက်မြင်သက်သေများက ပြောသည်။

လွန်ခဲ့သည့် နှစ်ရက်က ထိုချားရဟတ်ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး နေပြည်တော်ဝန်းကျင်ရွာများမှ ချားရဟတ်လာစီးသူများ အများဆုံးသေသည်ဟု စေတီတည်ဆောက်ရေး သတင်းရပ်ကွက်က ပြောသော်လည်း သေဆုံးသူများတွင် ၀န်ထမ်းများ ပါဝင်ခြင်းရှိမရှိ မသိရသေးပေ။

ဥပ္ပါတသန္တိစေတီတော် တည်ဆောက်စဉ်ကာလကလည်း အလုပ်သမား (၁၈) ဦး လုပ်ငန်းခွင်ထိခိုက်ပြီး သေဆုံးခဲ့သည်။ ထို့ကြောင့် နေပြည်တော်ဝန်းကျင်ကျေးရွာများနှင့် ၀န်ထမ်းများက ဥပ္ပါတသန္တိစေတီတော်ကြီးအား ခိုက်သည်ဟု ပြောဆိုနေကြသည်။

မတ်လ (၁၀) ရက် တပေါင်းလပြည့်တွင် ဆွမ်းဆန်စိမ်းလောင်းပွဲနှင့် စာအောင်သံဃာများအား ဘွဲ့လက်မှတ် ဆက်ကပ်ပွဲကို ခါတိုင်း ရန်ကုန် ကမ္ဘာအေးတွင် ကျင်းပသော်လည်း ယခုနှစ်တွင် ဥပ္ပါတသန္တိစေတီ ထီးတင်ပွဲကျင်းပမည့် တပေါင်းလပြည့်မှာ ကျင်းပမည်ဖြစ်သည်။

ဘွဲ့လက်မှတ် လက်ခံမည့် တပြည်လုံးက စာအောင် သံဃာအပါး (၇၀၀) မှာ ယခုအခါ နေပြည်တော်သို့ရောက်နေပြီ ဖြစ်သည်။ အဆိုပါသံဃာများ မြို့တွင်းသံဃာများနှင့်ပေါင်းပြီး ဆူပူမည်ကို စိုးရိမ်သည့်အတွက် ဧည့်ဝန်ထမ်းများ ထားသည့် အခန်း (၁,၀၀၀) ကျော်ပါ အဆောင်တခုတည်းတွင် သံဃာ (၇၀၀) ကို အကျယ်ချုပ်ပုံစံ လုံခြုံရေး အပြည့်ဖြင့် နေရာချထားသဖြင့် သံဃာများ မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

အဆိုပါ သံဃာအပါး (၇၀၀) အား ပျဉ်းမနားမြို့တွင်းမြို့ပြင် ဘုန်းကြီးကျောင်းများတွင် တည်းခိုခွင့်၊ သွားလာခွင့် ပိတ်ပင်ထားသည်ဟုလည်း စုံစမ်းသိရသည်။
soeaung
soeaung
Admin

Number of posts : 30
Registration date : 2009-03-07

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum