Singapore Merlion damaged by Lightning
3 posters
Oversea Myanmar Community :: Any advice for going to aboard? :: Study, Working & Living in Singapore :: News
Page 1 of 1
Singapore Merlion damaged by Lightning
Singapore စင်္ကာပူနိုင်ငံရဲ့ အထိန်းအမှတ် Merlion ရုပ်တုကြီးကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က မိုးကြိုးပစ်ခံရလို့ အခုအခါ ပြန်လည် ပြင်ဆင်မှု လုပ်နေကြောင်း သိရပါတယ်။ မိုးကြိုးဒဏ်ကြောင့် ရုပ်တုမှာ ဘောလုံး တစ်လုံး အရွယ်အစား အပေါက်ကြီး ဖြစ်သွားခဲ့ရပြီး ဦးခေါင်းပိုင်းက အချို့အစိတ်အပိုင်းတွေလည်း မြေပေါ်ပဲ့ထွက် ကုန်တယ်လို့ သိရပါတယ်။ ဖြစ်ပွားချိန်ဟာ ညနေ ၄နာရီ နဲ့ ၅နာရီ ကြားမို့ လာရောက်လည်ပတ်သူတွေ သိပ်မရှိသေးချိန် ဖြစ်ပါတယ်။ တကယ်လို့သာ ညနေ ၆နာရီ နောက်ပိုင်း ဖြစ်ခဲ့မယ်ဆို လူအချို့ အန္တရာယ် ရှိနိုင်ပါတယ်။ အခုလောလောဆယ် မှာတော့ အဲဒီနေရာကို လည်ပတ်ခွင့် ပိတ်ပင်ထားပြီး ပြုပြင်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ (အတိတ်နိမိတ် ယုံကြည်သူတွေကတော့ ဒါဟာ စင်္ကာပူရဲ့ အနာဂတ်ကို သတိပေးနေတာလို့ ပြောကြပါတယ်။ ဖန်းရွှေ ဆရာတစ်ယောက်က ဒါဟာ စင်္ကာပူ တောင်ပိုင်းမှာ ပြဿနာ တစ်ခုခု ဖြစ်နိုင်တဲ့ အတိတ်နိမိတ်လို့ ဆိုပါတယ်။ ဒါပေမယ့် တချို့ကတော့ ဒါဟာ စင်္ကာပူအနေနဲ့ ဒီနှစ်ထဲမှာ ပိုမို ကြီးပွား တိုးတက်မယ့် လက္ခဏာလို့ ဆိုနေကြလေရဲ့။)
ကိုညီလင်းဆက် ဘလော့ဂ်မှကူးယူဖော်ပြပါသည်။
ကိုညီလင်းဆက် ဘလော့ဂ်မှကူးယူဖော်ပြပါသည်။
vessel65- Number of posts : 6
Age : 46
Registration date : 2009-03-06
Re: Singapore Merlion damaged by Lightning
ကြီးပွားတိုးတက်မယ် အားကျိကျိ.. ဒီလောက် မိုးကြိုးပစ်ပါတယ်ဆိုမှ... မြန်မာအယူမှာတော့ မကောင်းတာလုပ်မှ မိုးကြိုးပစ်တာ ကြားဖူးတာပဲ.. စကာင်္ပူတောင်ပိုင်းဆိုတော့.. စကာင်္ပူနိုင်ငံ ဒီလောက်သေးသေးလေး.. ကမ္ဘာ့မြေပုံမှာတောင် အစက်တစ်စက်စာတောင် မရှိတာ.. တောင်ပိုင်းမြောက်ပိုင်းခွဲလို့ရသေးလား.. သိတဲ့သူများရှိကြရင်.. တောင်ပိုင်းဆိုတာ ဘယ်နေရာလဲ အတိအကျလေးများပြောပေးကြပါလားဟင်..
ကြားတာတော့.. Merlion ကြီး ခေါင်းမိုးကြိုးပစ်တာ စကာင်္ပူခေါင်းဆောင်တွေအတွက် မကောင်းတဲ့ အတိတ်နိမိတ်ဖြစ်တယ်လို့လဲ ပြောတာပဲ.. ဟုတ်မဟုတ်တော့မသိ...
သူတို့လဲ လူမိုက်အားပေးတွေပဲဟာ..
ကြားတာတော့.. Merlion ကြီး ခေါင်းမိုးကြိုးပစ်တာ စကာင်္ပူခေါင်းဆောင်တွေအတွက် မကောင်းတဲ့ အတိတ်နိမိတ်ဖြစ်တယ်လို့လဲ ပြောတာပဲ.. ဟုတ်မဟုတ်တော့မသိ...
သူတို့လဲ လူမိုက်အားပေးတွေပဲဟာ..
mabaydar- Number of posts : 28
Registration date : 2009-03-09
Re: Singapore Merlion damaged by Lightning
ဒီလို.လူမျိုးမရှိ ယဉ်ကျေးမှုမရှိတဲ့ ကျွန်းသားပွဲစားတွေကတော့ သူတို့အကျိုးအမြတ်ရှိဖို့ဆိုရင် ဘာကိုမဆိုလုပ်ဖို့ဝန်မလေးပါဘူး။ မိုးကြိုးပစ်တယ်ဆိုတာကတော့ အမပြောသလို မကောင်းတဲ့အတိတ်နိမိတ်ဆိုတာအမှန်ပဲဗျ။ ဒါပေမယ့် သူတို့ကတော့လိုသလိုလှည့်တွေးမှာပေါ့။ ဥပမာ..ကျွန်တော်တို့ဘဘကြီးတွေက နာဂစ်မုန်တိုင်းကို သူတို့ဘုန်းကြီးလွန်းလို့ ဖြစ်တယ်လို့ တွေးသလိုပေါ့။
အဟင့်..သားလည်းကြောက်ကြောက်
အဟင့်..သားလည်းကြောက်ကြောက်
today_news- Number of posts : 20
Registration date : 2009-03-16
Re: Singapore Merlion damaged by Lightning
ဘုန်းကြီး လွန်းတယ်ဆိုတာ ဘာကိုပြောတာလဲ... ဘုန်းကြီးတွေသာ လွန်းရင် သူတို့ အိမ်တွေလောက်ပဲ နာဂစ်တိုက်မှာ ဘာမှ ပြည်သူတွေ ထိစရာ အကြောင်းမရှိဘူး. တော်ပါပြီ.. မပြောတာကောင်းတယ်..
အဟင့်.. မီးလဲ ကြောက်တယ်.. ဟတ်.. ဟတ်
အဟင့်.. မီးလဲ ကြောက်တယ်.. ဟတ်.. ဟတ်
mabaydar- Number of posts : 28
Registration date : 2009-03-09
Oversea Myanmar Community :: Any advice for going to aboard? :: Study, Working & Living in Singapore :: News
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum
|
|