Oversea Myanmar Community
Would you like to react to this message? Create an account in a few clicks or log in to continue.

အလုပ်သမားလျှော့ချမှုကို မျှတစွာလုပ်ဆောင်ရန် စင်ကာပူဝန်ကြီးချုပ်ပြောကြား

Go down

အလုပ်သမားလျှော့ချမှုကို မျှတစွာလုပ်ဆောင်ရန် စင်ကာပူဝန်ကြီးချုပ်ပြောကြား Empty အလုပ်သမားလျှော့ချမှုကို မျှတစွာလုပ်ဆောင်ရန် စင်ကာပူဝန်ကြီးချုပ်ပြောကြား

Post  Admin Sun Mar 08, 2009 8:48 am

စီးပွားရေးအကျပ်အ တည်းကာလအတွင်း လုပ်သား လျှော့ချသည့်အပိုင်းတွင် ၀န်ထမ်း များနှင့်အလုပ်ရှင်များအကြားမျှတ စွာဆောင်ရွက်ရန် စင်ကာပူဝန်ကြီး ချုပ်လီရှိလွန်းက ထိုင်းနိုင်ငံ၊ ဟွာဟင်းတွင်ပြုလုပ်သည့် အာဆီယံ ထိပ်သီးညီလာခံအပြီး စင်ကာပူသ တင်းမီဒီယာများနှင့် မေးမြန်းခန်း တွင်တိုက်တွန်းပြော ကြားလိုက် သည်။ နိုင်ငံ၏စီးပွားရေးကျ ဆင်းနေသော်လည်း စင်ကာပူနိုင်ငံ၏ အခြေအနေမှာ ဆိုးရွားသည့် အနေအထားတွင်မရှိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ ယခုနှစ်အတွင်း စင်ကာပူနိုင်ငံ၏ အလုပ်အကိုင်လျှော့ချသည့် ပမာဏနှင့်ပတ်သက်၍ အရေအတွက် အမျိုးမျိုးထွက်ပေါ်လျှက်ရှိရာ အမှန်တကယ်လျှော့ချမည့် ပမာဏများအား အလွန်အကျွံမဖြစ်စေရန် သက်ဆိုင်ရာ ၀န်ကြီးများအနေဖြင့် အလေးပေးဆောင်ရွက်ရန် ကိစ္စတစ် ခုဖြစ်လာခဲ့သည်။

“ကျွန်တော်တို့နေ့တိုင်း စိတ်မကောင်းစရာသတင်းတွေကိုပဲ ကြားနေရတယ်။ ဘယ်နေရာမှာတော့အယောက် ၅၀အလုပ်ဖြုတ်လိုက်ပြီ။ ဘယ်နေရာမှာတော့ အယောက်၁၀၀ အလုပ်ပြုတ်ပြန်ပြီ။ ခင်ဗျားတို့အနေ နဲ့ စိတ်မညစ်ရင်နေမယ်။ ကျွန်တော့်တို့အတွက်တော့ တကယ့်ကို စိတ်သောကရောက်ရပါတယ်”ဟု လီရှိလွန်းက ပြောကြားခဲ့သည်။ စင်ကာပူနိုင်ငံအနေဖြင့် လုံလောက်သော ရင်းမြစ်များရှိနေပြီး ယခုနှစ် ဘဏ္ဍာရေးရန်ပုံငွေအား နည်းလမ်းမှန်ကန်စွာ အသုံးပြုပြီးဖြစ်ကြောင်း ၎င်းက ပြောကြားလိုက်သည်။

“မိသားစုတွေကို ဘာကြောင့် အကူအညီတွေ တိုက်ရိုက်မပေးတာလဲဆိုတဲ့ ပြောစကားတွေကို ကြားနေရပါတယ်။ ဒါပေမယ့် ပြည်သူတွေကို မှန်ကန်တဲ့ကူညီမှုဆိုတာ ငွေလက်မှတ်တွေ၊ ကူပွန်တွေပေး ခြင်း မဟုတ်ပါဘူး။ တည်မြဲတဲ့ အလုပ်အကိုင်တွေရရှိအောင် လုပ်ပေးဖို့ပါပဲ။နိုင်ငံရဲ့ သုံးစွဲနိုင်ခွင့် ဘတ်ဂျက်အခြေအနေပေါ်မှာ ဆောင်ရွက်ရတာတွေကို ပြည်သူတွေ နားလည်အောင် ဆောင်ရွက် ပေးဖို့လိုပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Admin
Admin

Number of posts : 36
Registration date : 2009-03-05

https://omcf.forumotion.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum